📣 သတင်းထုတ်ပြန်ချက်
(၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၄ ရက်။)
Minority Affairs Institute (MAI Myanmar) နှင့် Irrawaddy Law School တို့ မိတ်ဖက်အဖွဲ့အစည်းများအဖြစ် ပူးပေါင်းဆောင်ရွက်ကြရန် MoU လက်မှတ်ရေးထိုး
ဧရာဝတီဥပဒေပညာသင်ကျောင်းနှင့် Minority Affairs Institute (MAI Myanmar) တို့သည် ယမန်နေ့ မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီတွင် တွေ့ဆုံ၍ ပညာရပ်ပူးပေါင်းမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) အား သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါသည်။
ဧရာဝတီဥပဒေပညာသင်ကျောင်းသည် ကြားကာလအတွင်း ဥပဒေပညာရပ်များအား သင်ကြားပို့ချပေးနေသည့် ကြားကာလအခြေပြု ကောလိပ်အဆင့်ကျောင်းတစ်ကျောင်းဖြစ်ပြီး၊ Minority Affairs Institute (MAI Myanmar) သည် နိုင်ငံရေးအသိပညာပေးခြင်း၊ သုတေသနများ ဆောင်ရွက်ခြင်း၊ လူနည်းစုရေးရာကိစ္စရပ်များနှင့် စပ်လျဥ်း၍ လုပ်ဆောင်နေသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။
မိမိတို့ အဖွဲ့အစည်းနှစ်ရပ်သည် ယခုကြားကာလဖြစ်သည့် တော်လှန်ရေးကာလအတွင်းတွင်သာမက၊ အသွင်ကူးပြောင်းရေးကာလနှင့် ပြန်လည်ထူထောင်ရေးကာလ၊ ပုံမှန်အကျိုးပြုကာလအထိတိုင်အောင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု သန္နိဌာန်ချမှတ်ထားကြပါသည်။
မိမိတို့ နှစ်ရပ်သော အဖွဲ့အစည်းသည် သင်တန်းရေးရာကိစ္စရပ်များတွင်သာမက သုတေသနရေးရာကိစ္စရပ်များ၊ Advocacy ကိစ္စရပ်များတွင် ပူးပေါင်းလုပ်ဆောင်ကြရေးအတွက် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။
#MAI #minorityaffairsinstitute #MoU #irrawaddylawschool #ILS