Minority Affairs Institute (MAI Myanmar) နှင့် Education for social science(ESS)တို့ မိတ်ဖက်အဖွဲ့အစည်းများအဖြစ် ပူးပေါင်းဆောင်ရွက်ခြင်း
Education for social science (ESS)နှင့် Minority Affairs Institute (MAI Myanmar) တို့သည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက် မြန်မာစံတော်ချိန် ည ၈ နာရီတွင် တွေ့ဆုံ၍ ပညာရပ်ပူးပေါင်းမှုဆိုင်ရာကိစ္စရပ်များ နှင့်ရှေ့ဆက်ဆောင်ရွက်နိုင်မည့်ကိစ္စများဆွေးနွေးခဲ့ကြပါသည်။
Education for social science (ESS)သည် ပြည်တွင်း၊ပြည်ပမှ မြန်မာလူငယ်များ ဦးဆောင်နေသော ကြားကာလပညာရေးအဖွဲ့အစည်းတခုဖြစ်ပြီး နိုင်ငံရေး၊စီပွားရေး၊ သမိုင်း၊ ပထဝီ၊ လူမှုရေး၊ မီဒီယာ၊ ဥပဒေ စသည့် လူမှုသိပ္ပံဘာသာရပ်ဆိုင်ရာပညာရပ်များနှင့်ပတ်သတ်သည့် အသိပညာပေးခြင်းလုပ်ငန်းများကိုလုပ်ဆောင်နေပြီး၊ Minority Affairs Institute (MAI Myanmar) သည် နိုင်ငံရေးအသိပညာပေးခြင်း၊ သုတေသနများ ဆောင်ရွက်ခြင်း၊ လူနည်းစုရေးရာကိစ္စရပ်များနှင့် စပ်လျဥ်း၍ လုပ်ဆောင်နေသည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။
မိမိတို့ အဖွဲ့အစည်းနှစ်ရပ်သည် ယခုကြားကာလဖြစ်သည့် တော်လှန်ရေးကာလအတွင်းတွင်သာမက အသွင်ကူးပြောင်းရေးကာလနှင့် ပြန်လည်ထူထောင်ရေးကာလ၊ ပုံမှန်အကျိုးပြုကာလအထိတိုင်အောင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု သန္နိဌာန်ချမှတ်ထားကြပါသည်။
မိမိတို့ နှစ်ရပ်သော အဖွဲ့အစည်းသည် သင်တန်းရေးရာကိစ္စရပ်များတွင်သာမက သုတေသနရေးရာကိစ္စရပ်များတွင် ပူးပေါင်းလုပ်ဆောင်ကြရေးအတွက် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။