...

Minority Affairs Institute (MAI) နှင့် Federal Aid-Burma (FAB) တို့ မိတ်ဖက်အဖွဲ့အစည်းများအဖြစ်လက်တွဲပူးပေါင်းခြင်း

Minority Affairs Institute (MAI) နှင့် Federal Aid-Burma (FAB) တို့ မိတ်ဖက်အဖွဲ့အစည်းများအဖြစ်လက်တွဲပူးပေါင်းခြင်း

Federal Aid-Burma (FAB)အဖွဲ့သည် မြန်မာပြည်၏နိုင်ငံရေးဖြစ်စဥ်တွင် အဓိကကျသောအခန်းဏ္ဍမှပါဝင်သည့် လူငယ်များအား ဖက်ဒရယ်အတွေးအမြင်များ အထောက်အပံ့ပြုရန် နှင့် အချင်းချင်းအပြန်အလှန်လေးစားတန်ဖိုးထား၍ လွတ်လပ်မှုနှင့်တရားမျှတမှုကိုအခြေခံသည့် ငြိမ်းချမ်းပွင့်လင်းသောလူ့အဖွဲ့အစည်းတစ်ရပ်ပေါ်ပေါက်လာရေးအတွက် အထောက်အကူပြုနိုင်ရန်ရည်ရွယ်၍လှုပ်ရှားဆောင်ရွက်နေသော လူငယ်များပေါင်းစုဖွဲ့စည်းထားသောအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။
Minority Affairs Institute _ MAI (လူနည်းစုရေးရာအင်စတီကျု)သည် မြန်မာနိုင်ငံအတွင်း ယနေ့အချိန်ထိ ဖြစ်ပွားနေသော ပြည်တွင်းပဋိပက္ခများ ချုပ်ငြိမ်းစေရန် တန်းတူညီမျှမှုကိုအခြေခံသော လူနည်းစုအရေးအရာများ၊ နိုင်ငံအရေးအရာများအား လူထုလူတန်းစားမရွေးသိရှိ နားလည်လာနိုင်စေပြီး တန်းတူညီမျှမှု၊ လွတ်လပ်မှုနှင့် လူ့အခွင့်အရေးအခြေခံမူများကို တန်ဖိုးထားကာ တရားမျှတသော လွတ်လပ်သော လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်ပေါ်လာစေရန် ရည်ရွယ်လုပ်ဆောင်နေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။
Minority Affairs Institute (MAI) နှင့် Federal Aid-Burma (FAB) တို့အနေဖြင့် လက်တွဲကာ ရှေ့လာမည့် ပညာသင်ကြားရေးဆိုင်ရာလုပ်ငန်းစဥ်များတွင် ပူးပေါင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။