Minority Affairs Institute (MAI) က ဖွင့်လှစ်မည့် လူမှု၊ နိုင်ငံရေးသိပ္ပံပညာ Development of Social, Political and Life Quality သင်တန်းကို နိုဝင်ဘာလ (၁) ရက်နေ့မှာ စတင်ဖွင့်လှစ်မှာ ဖြစ်ပြီး သင်တန်းလျှောက်လွှာများကို စတင်လက်ခံနေပြီ ဖြစ်ပါတယ်။
📝 “ဒီသင်တန်းမှာ ဘာတွေသင်မှာလဲ?”
-------------------------------------
ဒီသင်တန်းဟာ နိုင်ငံရေးဆိုင်ရာ အယူအဆတွေ၊ အာဏာကျင့်သုံးမှုဆိုင်ရာတွေနဲ့ ပတ်သက်ပြီး လက်တွေဆန်တဲ့ မေးခွန်းတွေ၊ခွဲခြမ်းစိတ်ဖြာပြီး ပိုမိုကျယ်ပြန့်စွာ တွေးတောနိုင်ဖို့ အရေးပါတဲ့ လူမှုရေးသိပ္ပံ၊ နိုင်ငံရေးသိပ္ပံပညာ အခြေခံများနှင့်၊ အသိပညာတွေကို သင်ကြားပေးသွားမှာဖြစ်ပါတယ်။
🧑🎓 “ဘယ်သူတွေ သင်မှာလဲ?”
-----------------------------
ဒီသင်တန်းကို ထိုင်းနိုင်ငံ တက္ကသိုလ်တွေမှာသင်ကြားပေးတဲ့အတွေ့အကြုံနှင့် ရွှေ့ပြောင်းမြန်မာလုပ်သားများကို နှစ်ပေါင်းများစွာသင်ကြားနေတဲ့ အတွေ့အကြုံရှိ ဝါရင့်ဆရာ ဦးဇာနည်နိုင်
MBA (Assumption University) , M.Ed ( Ramkhamhaeng University) , PhD candidate (Sunderland University- UK) ကဦးဆောင်သင်ကြားပေးသွားမှာ ဖြစ်ပြီး လက်ရှိ နိုင်ငံရေး နယ်ပယ်က ဝါရင့်နိုင်ငံရေးသမားတွေနှင့် တခြားသောနိုင်ငံတကာရောက်ပညာရှင်များမှလည်း Guest Speaker များအဖြစ် အားဖြည့်ပါဝင် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
“ဘယ်သူတွေ တက်ရောက်နိုင်လဲ?”
--------------------------------
ဒီသင်တန်းဟာ မြန်မာနိုင်ငံအတွင်းက လူမှုရေးသိပ္ပံနှင့် နိုင်ငံရေးသိပ္ပံပညာ စိတ်ပါဝင်စားသူတွေအတွက် ရည်ရွယ်ဖွင့်လှစ်တာ ဖြစ်တဲ့အတွက် မည်သူမဆို တက်ရောက်နိုင်မှာ ဖြစ်ပြီး လူဦးရေ ကန့်သတ်ထားတဲ့အတွက် အမှန်တကယ် စိတ်ပါဝင်စားသူများကိုသာဦးစားပေး ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ အတန်းပညာ အရည်အချင်းကို ကန့်သတ်ထားခြင်း မရှိတဲ့အတွက် မည်သူမဆိုလျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
🪧 “ဘယ်လို သင်မှာလဲ”
-----------------------
သင်တန်းတက်ရောက်ခွင့် ရသူတွေကို Online ကနေ ဆရာနဲ့ Live အတန်းချိန်များဖြင့် သင်ကြားပေးမှာ ဖြစ်တဲ့အတွက် အင်တာနတ်လိုင်းရှိတဲ့ မည်သည့်နေရာကမဆို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
📅 “သင်တန်းကာလ”
---------------------
သင်တန်းဟာ level 1, 2, 3 ထိ ၃ ဆင့်ရှိကာ Level တစ်ခုစီမှာ ၃ လ တိတိ ကြာမြင့်မှာ ဖြစ်ပါတယ်။ သင်တန်းကာလမှာ တပါတ်ကို၂ နာရီကြာမြင့်တဲ့ စာသင်ချိန် ၂ ချိန်နှုန်းနဲ့ level တစ်ခု စီမှာ ၃ လ တိတိ သင်ကြားရမှာ ဖြစ်ပါတယ်။ သင်တန်းချိန်အသေးစိတ်ကို ရွေးချယ်ခံရတဲ့ သင်တန်းသူ/သားများကို ပြန်လည်အသိပေးသွားမှာဖြစ်ပါတယ်။
⚠️ စည်းကမ်းချက်များ
-----------------------
- သင်တန်းတက်ရောက်ခွင့်ရသူဟာ ကျောင်းခေါ်ချိန် အနည်းဆုံး ၈၀% ပြည့်မီဖို့ လိုအပ်ပါတယ်။
- စာသင်ချိန်တွေကို ၃ ချိန်ထက် ပိုမို ပျက်ကွက်ခွင့် မရပါဘူး။
- ကျောင်းခေါ်ချိန်ပြည့်မီပြီး ဆရာက ပေးအပ်တဲ့ Assignment တွေ၊ စာတမ်းတို့ကို ဆရာများသတ်မှတ်ထားတဲ့ပုံစံတို့ဖြင့် တဦးချင်း (သို့) အုပ်စုငယ်များဖြင့် ပြုလုပ်အောင်မြင်ပြီးမှသာလျှင် အသိအမှတ်ပြု Certificate ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။
📝သင်တန်းလျှောက်လွှာ >>
https://forms.gle/oavStYpiTM12Gqku9
📧 အသေးစိပ်သိရှိလိုပါက 👇
MAI.Myanmar@protonmail.com ကို ဆက်သွယ် မေးမြန်းနိုင်သလို Page Messenger ကလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Organized by MAI
Minority Affairs Institute - MAI (Myanmar)
Email - mai.myanmar@protonmail.com
Website - https://www.maimyanmar.org
YouTube - https://youtube.com/channel/UCnf8f0jZspQRPwWX6g541dg
#MAI #Myanmar #minorityaffairsinstitute
#PoliticalAwarenessTraining