မင်္ဂလာပါရှင်
မကြာမှီ နိုဝင်ဘာလဆန်းပိုင်းတွင် ဖွင့်လှစ်သွားမယ့် Level 1 အတန်းအတွက် ဖောင်လျှောက်လွှာတင်ထားသူများထဲမှ သတ်မှတ်ချက်များနဲ့ ကိုက်ညီသူများထံကို ယနေ့ (၂၂/အောက်တိုဘာလ/၂၀၂၁) တွင် Email များ ပေးပို့ထားပါတယ်ရှင်။
သင်တန်းအတွက် ပဏာမရွေးချယ်ကြောင်း အကြောင်းကြားစာနှင့် Pre Test ဖြေဆိုရန် Form ကိုပါ တပါတည်းပူးတွဲပေးပို့ထားတဲ့အတွက် လျှောက်လွှာတင်ထားသူများ မိမိတို့ Email များကို ဂရုစိုက်ကြည့်ပေးကြပါရှင်။
၂၇/ အောက်တိုဘာလ/ ၂၀၂၁ ရက်နေ့၊ ညနေ ၆ နာရီ နောက်ဆုံးထားပြီး Pre Test ကို ဖြေဆိုပေးကြရပါမယ်ရှင်။
Pre Test အောင်မြင်သူများထံသို့ သင်တန်းအချိန်ဇယားနဲ့အတူ နိုဝင်ဘာလ၊ ပထမအပတ်တွင် Email ဖြင့် အကြောင်းကြားသွားမှာဖြစ်ပါတယ်ရှင့်။
Organized by MAI
Minority Affairs Institute - MAI (Myanmar)
Email - mai.myanmar@protonmail.com
Website - https://www.maimyanmar.org
YouTube - https://youtube.com/channel/UCnf8f0jZspQRPwWX6g541dg
#MAI #Myanmar #minorityaffairsinstitute
#PoliticalAwarenessTraining