Introduction to Politics and Social Science - IPS (2nd Batch)
နိုင်ငံရေးသိပ္ပံနှင့် လူမှုသိပ္ပံ ပညာရပ်တို့ကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် ဒုတိယမြောက် အခွင့်အလမ်းလာပါပြီ
IPS (2nd Batch)
MAI မှ ဒုတိယအကြိမ်မြောက် စီစဉ်ဖွင့်လှစ်မည့် "Introduction to Politics and Social Science - IPS" (2nd Batch)၊ ၃ လကြာသင်တန်းအတွက် သင်တန်းဝင်ခွင့်လျှောက်လွှာများ ဖြည့်သွင်းလျှောက်ထားနိုင်ကြပါပြီ။
📝 “ဒီသင်တန်းမှာ ဘာတွေသင်မှာလဲ?”
------------------------------
ဒီသင်တန်းဟာ နိုင်ငံရေးဆိုင်ရာ အယူအဆနှင့် သီအိုရီတွေ၊ နိုင်ငံရေးစနစ်တွေ၊ အာဏာကျင့်သုံးမှုဆိုင်ရာတွေ၊ လက်တွေ့နိုင်ငံရေးဆိုတာဘာလဲနှင့် လူမှုသိပ္ပံဘာသာရပ်ထဲက ဘာသာရပ်အချို့တွေကို ဆရာ/ဆရာမများက လက်တွေဆန်တဲ့ မေးခွန်းတွေ၊ခွဲခြမ်းစိတ်ဖြာပြီး ပိုမိုကျယ်ပြန့်စွာ တွေးတောနိုင်ဖို့ အခြေခံများနှင့်၊ အသိပညာတွေကို ဆွေးနွေးသင်ယူခြင်းစနစ်ဖြင့် သင်ကြားပေးသွားမှာဖြစ်ပါတယ်။
🧑🎓 “ဘယ်သူတွေ သင်မှာလဲ?”
-----------------------------
ဒီသင်တန်းကို နိုင်ငံတကာဆက်ဆံရေးပညာနှင့် နိုင်ငံရေးသိပ္ပံပညာဌာန(ရန်ကုန်တက္ကသိုလ်)မှ ကထိက CDM ဆရာ ဒေါက်တာသန်းလွင်ဦး (CDM ကထိက၊
နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံပညာဌာန -
ရန်ကုန်တက္ကသိုလ်) မှ ဦးဆောင်သင်ကြားသွားမှာဖြစ်ပြီး အခြားပညာရပ်ဆိုင်ရာ ဆရာ/ဆရာမများတို့ဖြင့် အားဖြည့်သင်ကြားဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
“ဘယ်သူတွေ တက်ရောက်နိုင်လဲ?”
--------------------------------
🚩 ဒီသင်တန်းကို မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးသိပွံနှင့် လူမှုရေးသိပ္ပံပညာ စိတ်ပါဝင်စားသူလူငယ်တွေ (အခမဲ့) တက်ရောက်နိုင်ပါတယ်။
🚩 အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်ထားသူများ တက်ရောက်နိုင်ပါတယ်။
🚩 ဘာသာရပ်ပိုင်းဆိုင်ရာ စာပေများကို English လိုသာလျှင် ဖတ်ရှု့လေ့လာကြရမှာဖြစ်သည့်အတွက် Pre- Intermediate (English) Level ရှိရမှာဖြစ်ပါတယ်။
🚩 ရက်သတ္တပတ်လျှင် စနေ နှင့် တနင်္ဂနွေ (၂) ရက်၊ ညနေ (၆) နာရီမှ (၈) နာရီထိ မပျက်မကွက် ပုံမှန်တက်ရောက်နိုင်သူများသာလျှင် လျှောက်ထားကြသင့်ပါတယ်။
🚩 သင်တန်းကာလ (၃) လတာ ကြာမြင့်မှာဖြစ်ပါတယ်။
🚩 အတန်းချိန်တိုင်းတွင် ပါဝင်ဆွေးနွေးနိုင်ရမည်ဖြစ်ပြီး၊ တဦးချင်းစီနှင့် အုပ်စုငယ်များအတွက် Presentation (PowerPoint) များနှင့် Assignment များတို့ကို (မပျက်မကွက်) ပြုလုပ်ကြရမှာဖြစ်ပါတယ်။
🚩 အတန်းချိန်များကို ပုံမှန်တက်ရောက်နိုင်သူများ၊ Presentation များနှင့် Assignment များတို့ ပြုလုပ်ကြသူများသာလျှင် MAI အဖွဲ့အစည်းနှင့် ဆရာများမှ သင်တန်းအောင်မြင်ကြောင်း အသိအမှတ်ပြု (Certificate) ထုတ်ပေးသွားမည်ဖြစ်ပါတယ်။
🪧 “ဘယ်လို သင်မှာလဲ”
-----------------------
သင်တန်းတက်ရောက်ခွင့် ရသူတွေကို Zoom application ကနေ ဆရာနဲ့ Live အတန်းချိန်များဖြင့် သင်ကြားပေးမှာ ဖြစ်တဲ့အတွက် အင်တာနက်လိုင်းရှိတဲ့ မည်သည့်နေရာကမဆို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
🔔 သင်တန်းတက်ရောက်ခွင့်ရရန် လုပ်ဆောင်ရမည့် အချက်များ
---------------------------
၁။ ယခုပိုစ်တွင်ဖော်ပြထားသော လျှောက်လွှာဖောင်ကို (၅/ဖေဖော်ဝါရီလ၊ ၂၀၂၂) နောက်ဆုံးထား၍ ပြည့်စုံမှန်ကန်စွာဖြည့်သွင်းရပါမည်။
၂။ ၉/ ၂/ ၂၀၂၂ ရက်နေ့တွင် Pre Selection ရွေးချယ်ခံရသူများကို အကြောင်းကြားစာနဲ့အတူ Pre Test Form တို့ကို ပူးတွဲ၍Email ပေးပို့အကြောင်းကြားသွားမှာဖြစ်ပါသည်။
၃။ မိမိတို့၏ Email တွင် Inbox / All Mail / Spam တို့ကို သေချာစွာ ကြည့်ရှုကြပါရန် လိုအပ်ပါသည်။
၄။ ၁၁/၂/၂၀၂၂ ရက်နေ့တွင် Pre test အောင်မြင်သူများကို Email ပေးပို့အကြောင်းကြားသွားပါမည်ဖြစ်ပြီး၊ ယင်း Email တွင်IPS (Batch 2/2022) Telegram Group link နှင့် သင်တန်းတက်ရောက်ရမည် Zoom link တို့ကို ပူးတွဲပေးပို့အကြောင်းကြားသွားမည်ဖြစ်ပါသည်။
၅။ ၁၃/၂/၂၀၂၂ (တနင်္ဂနွေနေ့) ညနေ (၆:၀၀) နာရီတွင် အတန်းကို စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
⚠️ စည်းကမ်းချက်များ
-----------------------
- သင်တန်းတက်ရောက်ခွင့်ရသူဟာ ကျောင်းခေါ်ချိန် အနည်းဆုံး ၈၀% ပြည့်မီဖို့ လိုအပ်ပါတယ်။
- စာသင်ချိန်တွေကို ၃ ချိန်ထက် ပိုမို ပျက်ကွက်ခွင့် မရပါဘူး။
- ကျောင်းခေါ်ချိန်ပြည့်မီပြီး ဆရာများက ပေးအပ်တဲ့ Assignment များနှင့် စာတမ်းတို့ကို ဆရာများသတ်မှတ်ထားတဲ့ပုံစံတို့ဖြင့်တဦးချင်း (သို့) အုပ်စုငယ်များဖြင့် ပြုလုပ်အောင်မြင်ပြီးမှသာလျှင် အသိအမှတ်ပြု Certificate ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။
📝သင်တန်းလျှောက်လွှာ >>
https://forms.gle/JtgTULLQRfKyAjYJ7
📧 အသေးစိပ်သိရှိလိုပါက 👇
MAI.Myanmar@protonmail.com ကို ဆက်သွယ် မေးမြန်းနိုင်သလို Page Messenger ကလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Organized by MAI
Minority Affairs Institute - MAI (Myanmar)
Email - mai.myanmar@protonmail.com
Website - https://www.maimyanmar.org
YouTube - https://youtube.com/channel/UCnf8f0jZspQRPwWX6g541dg
#MAI #Myanmar #minorityaffairsinstitute
#PoliticalAwarenessTraining