MAI မှ ဒုတိယအကြိမ်မြောက် ဖွင့်လှစ်တဲ့ "Introduction to Politics and Social Science - IPS" (2nd Batch/2022) အတွက် Day 1 ကို ဆရာ ဒေါက်တာသန်းလွင်ဦး ( CDM ကထိက - နိုင်ငံရေးသိပ္ပံနှင့် နိုင်ငံတကာဆက်ဆံရေးဌာန၊ ရန်ကုန်တက္ကသိုလ်) သင်ကြားပို့ချမှုဖြင့် (၁၂-၂-၂၀၂၂) ရက်နေ့တွင် အောင်မြင်စွာစတင်နိုင်ခဲ့ပါတယ်။ အခက်အခဲများကြားမှ အဆင့်ဆင့်သော Pre-Test များ၊ စီစစ်ရွေးချယ်မှုများအပြင် လုံခြုံရေးနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အကာအကွယ် လုပ်ထုံးလုပ်နည်းများဖြင့် ပါဝင်ပေးခဲ့ကြသော သင်တန်းသူ/သားများကို အထူးကျေးဇူးတင်ရှိပါတယ်။ လူ (၁၀၀) ဆန့် ZOOM ဖြင့်သာ ပြုလုပ်နိုင်ခဲ့တာကြောင့် ရွေးချယ်ခြင်းမခံရဘဲ ကျန်ရှိခဲ့သော (ရွေးချယ်ခြင်းမခံရသူ) များကိုလည်း နောက်လာမည့် သင်တန်း (Batch) များကို ပြန်လည်ချိတ်ဆက် ပါဝင်ပေးကြဖို့ တိုက်တွန်း မေတ္တာရပ်ခံပါတယ်။ MAI မှ ယခုလို နိုင်ငံရေးအသိပညာဖြန့်ဝေရေးသင်တန်းများကိုလည်း တိုးချဲ့ဖွင့်လှစ်သွားနိုင်ရန် အားသွန်ခွန်စိုက် ကြိုးစားသွားကြမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။
Minority Affairs Institute (MAI) Myanmar