Letter of Appreciation to Hon. Dr. Thein Lwin
၁၉-၃-၂၀၂၂ (စနေနေ့) တွင် MAI မှ စီစဉ်ဖွင့်လှစ်နေသော IPS (2nd Intake) အတွက် Classroom Activities တစ်ခုအဖြစ် Thinking Classroom Foundation ၏ Founder နှင့် MAI အဖွဲ့၏ အကြံပေးဘုတ်အဖွဲ့ဝင် ဆရာကြီးဒေါက်တာသိန်းလွင် မှ "Minority Rights in Federal Education System" ခေါင်းစဉ်ဖြင့် ဆွေးနွေးပို့ချခဲ့ပါသည်။ ဆရာကြီး၏ ဆွေးနွေးမည့် ခေါင်းစဉ်နှင့် အကြောင်းအရာများသည် IPS သင်တန်းသားများသာမက ပညာရေးဌာနမှ ဆရာ/ဆရာမများ၊ Stakeholders များအပါအဝင် အများပြည်သူမှ သိရှိလေ့လာခွင့်ရရှိသင့်သည်ဟုယူဆခဲ့သည့်အတွက် Webinar ဟောပြောဆွေးနွေးပွဲအဖြစ်သို့ အဆင့်မြှင်တင်ပြောင်းလဲကျင်းပခဲ့ပါသည်။ MAI မှ စီစဉ်ခဲ့သည့် ဆရာကြီး ဒေါက်တာသိန်းလွင်၏ ဆွေးနွေးပွဲသည် လက်ရှိမြန်မာနိုင်ငံရေးအခင်းအကျင်းများအရ အလွန်အကျိုးရှိသည့် ဆွေးနွေပွဲတစ်ခုဖြစ်ခဲ့သည်ဟု MAI မှ ခိုင်ခိုင်မာမာယုံကြည်ပြီး တာဝန်များပြားပြီး အချိန်မအားလပ်သည့်ကြားက လာရောက်ဟောပြောပို့ချပေးခဲ့ပါသော ဆရာကြီးဒေါက်တာ သိန်းလွင်အား မိမိတို့ MAI မှ ကျေးဇူးအထူးတင်ရှိပြီး ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
Organized by MAI
Minority Affairs Institute - MAI (Myanmar)
Email - mai.myanmar@protonmail.com
Website - https://www.maimyanmar.org
YouTube - https://youtube.com/channel/UCnf8f0jZspQRPwWX6g541dg
#MAI #Myanmar
#minorityaffairsinstitute
I #thinkingclassroomfoundation #drtheinlwin
#MinorityRightsinFederalEducationSystem