...

Introduction to Politics and Social Science - IPS (2nd Intake/2022)

Minority Affairs Institute - MAI (Myanmar) က ကြီးမှူးဖွင့်လှစ်ခဲ့သည့် Introduction to Politics and Social Science - IPS (2nd Intake) သင်တန်းအား ၁၂-၂-၂၀၂၂ ရက်နေ့တွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်း၏ နောက်ဆုံးသင်ခန်းစာအား သင်တန်းသားများ၏ Group Work Presentation ဖြင့် ၁၅-၅-၂၀၂၂ ရက်နေ့တွင်အောင်မြင်စွာဖြင့်အဆုံးသတ်နိုင်ခဲ့ပြီးဖြစ်ပါသည်။ 


နောက်ဆုံးသင်ခန်းစာတွင် သင်တန်းသားများ၏ ဆွေးနွေးချက်များမှာ Critical Thinking ကို အ ခြေခံပြီး အတွေးသစ်၊ အမြင်သစ်များဖြင့် အထင်ကြီးဖွယ်ကောင်းလောက်အောင် ဆွေးနွေးနိုင်ခဲ့ ကြသည်ကိုတွေ့ရှိရပါသည်။ 


သင်တန်းမှရရှိလာသည့် အသိအမြင် အတွေးအခေါ်များဖြင့် အနာဂတ်ဖက်ံဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်ရာတွင် လိုအပ်သည့်လူအရင်းအမြစ်များကို မွေးထုတ်ပေးခဲ့သည့်အတွက် MAI မှ များစွာဂုဏ်ယူမိပါ။ 


IPS သင်တန်းကို ပံ့ပိုးကူညီပေးခဲ့ကြသော MAI ၏ အကြံပေးများ၊ Guest Speaker ဆရာကြီး-ဆရာမကြီးများ၊ မပြည်စုံမှုများကြားက စိတ်တူကိုယ်တူ ပံ့ပိုးပေးခဲ့ကြသည့် MAI ဝိုင်းတော်သား ညီအကိုမောင်နှမများ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။