...

IPS2 သင်တန်းပြီးမြောက်ခြင်းအတွက် ဝမ်းမြောက်ကြောင်းကြေညာခြင်း

IPS2 သင်တန်းပြီးမြောက်ခြင်းအတွက် ဝမ်းမြောက်ကြောင်းကြေညာခြင်း 


MAI မှ ဒုတိယအကြိမ်မြောက်စီစဉ်ဖွင့်လှစ်ခဲ့သော (လတာကြာမြင့်ခဲ့သည့် "Introduction to Politics and Social Science - IPS (2nd Batch/2022)  သင်တန်းဆင်းပွဲ Certificate Awarding Ceremony ကို မေလ၊ ၂၂ ရက် ၂၀၂၂ ခုနှစ်၊ တနင်္ဂနွေနေ့ညပိုင်းတွင် အောင်မြင်စွာ ကျင်းပခဲ့ကြပါသည်။ 


သင်တန်းကာလ (လတာအတွင်း Guest Speakers များအဖြစ် ပါဝင် သင်ကြားပေးခဲ့ကြပါသော ဆရာကြီးဒေါက်တာသိန်းလွင်(Thinking Classroom Foundation) မဝေနှင်းပွင့်သုန် (Burma Campaign UK)  ဒေါက်တာဝေယံလင်း (CDM Professor, Department of Philosophy - University of Yangon) နှင့် ဒေါက်တာစုယဉ်ထွန်း (CDM Professor, Faculty of Law - Mandalay University Interim Council) တို့အား MAI မှ အထူးကျေးဇူးတင်ရှိအပ်ပါသည်။ 


ဂုဏ်သရေရှိဧည့်သည်တော်များအဖြစ် ပါဝင်တက်ရောက်ပြီး ဂုဏ်ပြုစကားပြောကြားပေးခဲ့ကြသော ဆရာ စောကပီ (Founding Director of Salween Institute for Public Policy) ဒေါက်တာစုယဉ်ထွန်း သင်တန်းဆင်းပွဲအား (CDM Professor, Faculty of Law - Mandalay University Interim Council) ကိုရဲဟိန်းအောင် (Researcher, Myanmar Culture Research Society - MCRS) Tr. Zar (MAI) နှင့် ဆရာမျိုး (MAI) တို့အား MAI အဖွဲ့သူ/သားများမှ ကျေးဇူးတင်ရှိအပ်ပါသည်။ 


သင်တန်းအား ပါဝင်လျှောက်ထားသူ (၃၈၈ဦးထဲမှ ပဏာမရွေးချယ်ခြင်းနှင့် Pre-Test များစီစစ်ရွေးချယ်ခဲ့ပြီးနောက် (၁၁၀ဦးသင်တန်းတက်ရောက်ခွင့်ရရှိခဲ့ကြပါသည်။ သင်တန်းကာလတလျှောက် သင်တန်းတက်ရောက်ချိန်၊ Assignment များပြုလုပ်ခြင်းနှင့် Final Test တို့ကိုထည့်သွင်းတွက်ချက်ပြီး စုစုပေါင်းရမှတ်များနဲ့ အဆင့် (Grade) သတ်မှတ်ပေးအပ်ခဲ့ပါသည်။ သင်တန်းသူ/သား (၃၉ဦးသည် Certificate of Completion ဖြင့် အောင်မြင်ခဲ့ကြပြီး၊ (ဦးသည် Certificate of Participants ဖြင့်ပြီးမြောက်ခဲ့ကြပါသည်။ Certificate တွင် အရည်အချင်းရမှတ်များအလိုက် Grade A+, A, B စသည်ဖြင့် သတ်မှတ်ပေးအပ်ခဲ့ပါသည်။ အခက်အခဲမျိုးစုံကြားမှ အခြေခံနိုင်ငံရေးအသိပညာများကို အချိန်ပေးကြိုးစားသင်ယူခဲ့ကြသော သင်တန်းသူ/သားများတို့ကို MAI မှ ဂုဏ်ယူဝမ်းမြောက်ပါသည်။ ပြည်သူ့တော်လှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးတို့တွင်အင်တိုက်အားတိုက် ပါဝင်နိုင်ကြမည်ဟု ယုံကြည်မျှော်လင့်နေပါသည်။

Minority Affairs Institute - MAI 

Email - mai.myanmar@protonmail.com 

Website - https://www.maimyanmar.org

Facebook - https://www.facebook.com/MinorityAffairsInstituteMyanmar/

YouTube - https://youtube.com/channel/UCnf8f0jZspQRPwWX6g541dg