"အခြေခံနိုင်ငံရေးသိပ္ပံဘာသာရပ်" သင်တန်းကို တတိယအကြိမ်အဖြစ် July 16 ရက်နေ့မှာ ပြန်ဖွင့်ပါတော့မယ်။
MAI မှ တတိယအကြိမ်မြောက် စီစဉ်ဖွင့်လှစ်မည့် "Introduction to Political Science - IPS" (3rd Batch)၊ ၂ လကြာသင်တန်းအတွက် သင်တန်းဝင်ခွင့်လျှောက်လွှာများ ဖြည့်သွင်းလျှောက်ထားနိုင်ကြပါပြီ။
📝 “ဒီသင်တန်းမှာ ဘာတွေသင်မှာလဲ?”
------------------------------
ဒီသင်တန်းဟာ နိုင်ငံရေးအတွေးအခေါ်၊ နိုင်ငံရေးသီအိုရီတွေ၊ နိုင်ငံရေးစနစ်တွေ၊ အာဏာကျင့်သုံးမှုဆိုင်ရာတွေနှင့် ပြည်သူရေးရာမူဝါဒ စတဲ့ဘာသာရပ်များရဲ့ အခြေခံမိတ်ဆက်ပို့ချပေးသွားမှာဖြစ်ပါတယ်။ ဆရာ/ဆရာမများက လက်တွေ့ဆန်တဲ့ မေးခွန်းတွေ၊ ခွဲခြမ်းစိတ်ဖြာပြီး ပိုမိုကျယ်ပြန့်စွာ တွေးတောနိုင်ဖို့ အခြေခံများနှင့်၊ အသိပညာတွေကို ဆွေးနွေးသင်ယူခြင်းစနစ်ဖြင့် သင်ကြားပေးသွားမှာဖြစ်ပါတယ်။
🧑🎓 “ဘယ်သူတွေ သင်မှာလဲ?”
-----------------------------
ဒီသင်တန်းကို ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံပညာဌာနမှ CDM ကထိက ဆရာ Dr.Than Lwin Oo နှင့်
Dr. Nilar Cho (Former Lecturer - EMC International Learning Centre, Kuala Lumpur, Malaysia) တို့မှ ဦးဆောင်သင်ကြားဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
“ဘယ်သူတွေ တက်ရောက်နိုင်လဲ?”
--------------------------------
🚩 ဒီသင်တန်းကို မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးသိပ္ပံပညာ စိတ်ပါဝင်စားသူလူငယ်တွေ (အခမဲ့) တက်ရောက်နိုင်ပါတယ်။
🚩 အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်ထားသူများ တက်ရောက်နိုင်ပါတယ်။
🚩 ဘာသာရပ်ပိုင်းဆိုင်ရာ စာပေများကို English လိုသာလျှင် ဖတ်ရှု့လေ့လာကြရမှာဖြစ်သည့်အတွက် အနည်းဆုံး Pre- Intermediate (English) Level ရှိရမှာဖြစ်ပါတယ်။
🚩 ရက်သတ္တပတ်လျှင် သင်တန်းရက် (၄) ရက်
(စုစုပေါင်းသင်တန်းချိန် - ၂၄ ချိန်) ဖြစ်ပါတယ်။
🚩 စနေ၊ တနင်္ဂနွေနှင့် တနင်္လာ၊ အင်္ဂါ
ညနေ (၆) နာရီမှ (၈) နာရီထိ မပျက်မကွက် ပုံမှန်တက်ရောက်နိုင်သူများ ဖြစ်ရပါမယ်။
🚩 အတန်းချိန်တိုင်းတွင် တက်ကြွစွာပါဝင်ဆွေးနွေးနိုင်ရမည်ဖြစ်ပြီး၊ တဦးချင်းစီနှင့် အုပ်စုငယ်များအတွက် Presentation (PowerPoint) များနှင့် Assignment များတို့ကို (မပျက်မကွက်) ပြုလုပ်ကြရမှာဖြစ်ပါတယ်။
🚨 အထူးသတိပြုရန် 🚨
- အတန်းချိန်အားလုံး၏ (80%) မပျက်မကွက် တက်ရောက်ရမည်။
- တစ်ဦးချင်း Assignment ကို မပျက်မကွက် ပြုလုပ်ရမည်။
- Final Test မဖြစ်မနေ ဖြေဆိုကြရမည်။
🏆 အထက်ပါ လုပ်ဆောင်ချက် (၃) ခု၏ ရမှတ်များကို အခြေခံတွက်ချက်ပြီး Certificate of Completion ထုတ်ပေးသွားမည်ဖြစ်ပါသည်။
🛑 အောင်မှတ် မရရှိသောသူများကို Certificate of Participant လက်မှတ်သာလျှင် ထုတ်ပေးသွားမည်ဖြစ်ပါသည်။
🪧 “ဘယ်လို သင်မှာလဲ”
-----------------------
သင်တန်းတက်ရောက်ခွင့် ရသူတွေကို Zoom application မှ
ဆရာများနှင့် Live အတန်းချိန်များဖြင့် သင်ကြားပေးမှာ ဖြစ်တဲ့အတွက် အင်တာနက်လိုင်းရှိတဲ့ မည်သည့်နေရာကမဆို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
🔔 သင်တန်းတက်ရောက်ခွင့်ရရန် လုပ်ဆောင်ရမည့် အချက်များ
---------------------------
၁။ ယခုပိုစ်တွင်ဖော်ပြထားသော လျှောက်လွှာဖောင်ကို (၆ ရက်၊ ဂျူလိုင်လ၊ ၂၀၂၂) ညနေ ၆ နာရီ နောက်ဆုံးထား၍ ပြည့်စုံမှန်ကန်စွာဖြည့်သွင်းရပါမည်။ (အချက်အလက်မပြည့်စုံသောသူများကို ထည့်သွင်းစဉ်းစားသွားမည်မဟုတ်ပါ)
၂။ ၁၀/ ၇/ ၂၀၂၂ ရက်နေ့တွင် Pre Selection ရွေးချယ်ခံရသူများကို အကြောင်းကြားစာနဲ့အတူ Placement Test Form တို့ကို ပူးတွဲ၍ Email ပေးပို့အကြောင်းကြားသွားမှာဖြစ်ပါတယ်။
၃။ မိမိတို့၏ Email တွင် Inbox / All Mail / Spam တို့ကို သေချာစွာ ကြည့်ရှုကြပါရန် လိုအပ်ပါသည်။
၄။ ၁၅/၇/၂၀၂၂ ရက်နေ့တွင် Placement Test အောင်မြင်သူများကို Email ပေးပို့အကြောင်းကြားသွားပါမည်ဖြစ်ပြီး၊ ယင်း Email တွင် IPS (Batch 3 /2022) Telegram Group link နှင့် သင်တန်းတက်ရောက်ရမည် Zoom link တို့ကို ပူးတွဲပေးပို့အကြောင်းကြားသွားမည်ဖြစ်ပါသည်။
၅။ ၁၆/၇/၂၀၂၂ (စနေနေ့) ညနေ (၆:၀၀) နာရီတွင် အတန်းကို စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
⚠️ စည်းကမ်းချက်များ
-----------------------
- သင်တန်းတက်ရောက်ခွင့်ရသူဟာ ကျောင်းခေါ်ချိန် အနည်းဆုံး ၈၀% ပြည့်မီဖို့ လိုအပ်ပါတယ်။
- စာသင်ချိန်တွေကို ၃ ချိန်ထက် ပိုမို ပျက်ကွက်ခွင့် မရပါဘူး။
- ကျောင်းခေါ်ချိန်ပြည့်မီပြီး ဆရာများက ပေးအပ်တဲ့ Assignment များနှင့် စာတမ်းတို့ကို ဆရာများသတ်မှတ်ထားတဲ့ပုံစံတို့ဖြင့် တဦးချင်း (သို့) အုပ်စုငယ်များဖြင့် ပြုလုပ်အောင်မြင်ပြီးမှသာလျှင် အသိအမှတ်ပြု Certificate ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။
- သင်တန်းပြီးဆုံးသည်အထိ တက်ရောက်ရပါမယ်။ သင်တန်းမှ ရပ်နားလိုပါက Exit Interview ဖြေရပါမယ်။
🚨 Exit Interview မဖြေဆိုဘဲ သင်တန်းမှ ရုတ်တရက် နုတ်ထွက်သွားပါက MAI မှ ဖွင့်လှစ်သော သင်တန်းများ၊ လုပ်ဆောင်မှုများနှင့် MAI တွင် ပါဝင်လုပ်ဆောင်ခွင့် စသည်တို့အား ပိတ်ပင်တားမြစ်သွားမည်ဖြစ်ပါသည်။ 🚨
📝သင်တန်းလျှောက်လွှာ >>
https://forms.gle/HF8Eto4yU7mBqAKp9
📧 အသေးစိပ်သိရှိလိုပါက 👇
mai.myanmar@protonmail.com ကို ဆက်သွယ် မေးမြန်းနိုင်သလို Page Messenger ကလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Organized by MAI
Minority Affairs Institute - MAI (Myanmar)
Email - mai.myanmar@protonmail.com
Website - https://www.maimyanmar.org
YouTube - https://youtube.com/channel/UCnf8f0jZspQRPwWX6g541dg
#MAI #Myanmar #minorityaffairsinstitute
#politicalawarenesstraining