...

လူနည်းစုအခွင့်အရေးဆိုင်ရာနှင့် နိုင်ငံရေးကိုယ်စားပြုမှုအခြေခံသဘောတရားသင်တန်း

MAI-Myanmar မှ "လူနည်းစုအခွင့်အရေးဆိုင်ရာနှင့် နိုင်ငံရေးကိုယ်စားပြုမှုအခြေခံသဘောတရား" (Understanding Minority Rights and Political Representation - UMRPR) အပတ်စဉ် (၁) သင်တန်းကို ၂၀၂၂ ခုနစ် ၊ ဇူလိုင်လ (၂၅) ရက်နေ့ တွင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။


မြန်မာနိုင်ငံသည် စုံလင်ကွဲပြားသော  လူမျိုး၊ ဘာသာနှင့် ဓလေ့ထုံးတမ်းများ အများအပြားတည်ရှိသော နိုင်ငံတစ်နိုင်ငံအဖြစ် အများမှသိကြပါသည်။မြန်မာနိုင်ငံတွင် ကိုးကွယ်ယုံကြည်မှု ဘာသာရေးအရလူနည်းစု၊ တိုင်းရင်းသားလူနည်းစု၊ လူမျိုးစုလူနည်းစု၊ ဘာသာစကားအရ လူနည်းစု၊ မသန်စွမ်းသူများ၊ အမျိုးသမီးနှင့် လူငယ်၊ ပထဝီဝင်အနေအထားတည်ရှိမှုအရ လူနည်းစုများ၊ လိင်စိတ်/လိင်ဝိသေသလက္ခဏာခံယူဖော်ပြမှုကွဲပြားသူများ စသည့်လူနည်းအုပ်စုဝင်အသီးသီးတို့သည် ခေတ်အဆက်ဆက် ဖယ်ကျဉ်ခံရမှု၊ ဖိနှိပ်ခံရမှု ခွဲခြားဆက်ဆံခံရမှုမျိုးစုံတို့ကို ပုံစံမျိုးစုံတို့ဖြင့် ယနေ့တိုင် ခံစားနေကြရဆဲဖြစ်ပါသည်။  


ထို့ကြောင့် MAI Myanmar မှ လူနည်းစုအခွင့်အရေးဆိုင်ရာနှင့် နိုင်ငံရေးကိုယ်စားပြုမှုအခြေခံသဘောတရားသင်တန်းတွင် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုရဲ့ အင်္ဂါရပ်များ၊ လူနည်းစုအုပ်စုဝင်များ၏ အခွင့်အရေးများ၊ စုံလင်ကွဲပြားသော လူမှုအသိုက်အဝန်းများကြားတွင် လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူညီမျှခြင်းတို့ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ သဘောတရားများ၊ သမိုင်းဖြစ်စဥ်များ၊ မျက်မှောက်ခေတ် နိုင်ငံရေးအခြေအနေတို့နဲ့ ဆက်စပ်နေပုံများ၊ ဒေသတွင်းနှင့် နိုင်ငံတကာဖြစ်ရပ်များတို့ဖြင့် လေ့လာသုံးသပ်ကြပြီး မိမိတို့နိုင်ငံအတွက် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် နိုင်ငံရေးအခွင့်အရေးအရ ဆွေးနွေးဆုံးဖြတ်ချက်ချသော အခန်းကဏ္ဍများတို့တွင်လည်း တန်းတူရည်တူ ပါဝင်ဆောင်ရွက်သွားနိုင်ကြစေရန် ရည်ရွယ်ပါသည်။ 


MAI မှ “ပထမ”အကြိမ်မြောက် စီစဉ်ဖွင့်လှစ်မည့်   "Understanding Minority Rights and Political Representation - UMRPR"   (1st- Batch) ၃ လကြာသင်တန်းအတွက် သင်တန်းဝင်ခွင့်လျှောက်လွှာများ ဖြည့်သွင်းလျှောက်ထားနိုင်ကြပါပြီ။


အောက်ဖော်ပြပါ Registration Form Link တွင် လျှောက်ထားနိုင်ပါပြီ 👇

https://forms.gle/Mqv1EbcqtaBeHC1t8


🧑‍🎓 “ဘယ်သူတွေ သင်မှာလဲ?”

---------------------------

- ဒီသင်တန်းကို လူနည်းစုအခွင့်အရေးဆိုင်ရာ သုတေသီနှင့် ကျွမ်းကျင်သူ   Dr. Nilar Cho (Former Lecturer - EMC International Learning Centre, Kuala Lumpur, Malaysia) နှင့် ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံဌာနမှ CDM ကထိက Dr. Than Lwin Oo တို့မှ

ဦးဆောင်သင်ကြားဖွင့်လှစ်သွားမည်ဖြစ်ပါသည်။  


“ဘယ်သူတွေ တက်ရောက်နိုင်လဲ?”

--------------------------------

🚩 ဒီသင်တန်းကို မြန်မာနိုင်ငံအတွင်းက လူနည်းစုအုပ်စုဝင်များနှင့်ပတ်သက်၍ သုတေသနပြု ဆောင်ရွက်နေသူများ ၊ တက်ကြွလှုပ်ရှားသူများနှင့် စိတ်ပါဝင်စားသူလူငယ်များ (အခမဲ့) တက်ရောက်နိုင်ပါတယ်။

🚩 အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်ထားသူများ တက်ရောက်နိုင်ပါတယ်။

🚩 ဘာသာရပ်ပိုင်းဆိုင်ရာ စာပေများကို English လိုသာလျှင် ဖတ်ရှု့လေ့လာကြရမှာဖြစ်သည့်အတွက် အနည်းဆုံး Pre- Intermediate (English) Level ရှိရမှာဖြစ်ပါတယ်။ 

🚩 ရက်သတ္တပတ်လျှင် သင်တန်းရက် (၃) ရက်

(စုစုပေါင်းသင်တန်းချိန် - ၃၆ ချိန်) ကြာမြင့်မှာဖြစ်ပါတယ်။

 🚩  တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့များတွင် မြန်မာစံတော်ချိန် နေ့လည် (၂) နာရီမှ (၄) နာရီထိ မပျက်မကွက် ပုံမှန်တက်ရောက်နိုင်သူများ ဖြစ်ရပါမယ်။

🚩 အတန်းချိန်တိုင်းတွင် တက်ကြွစွာပါဝင်ဆွေးနွေးနိုင်ရမည်ဖြစ်ပြီး၊ တဦးချင်းစီနှင့် အုပ်စုငယ်များအတွက် Presentation (PowerPoint) များနှင့် Assignment များတို့ကို (မပျက်မကွက်) ပြုလုပ်ကြရမှာဖြစ်ပါတယ်။ 


🚨 အထူးသတိပြုရန် 🚨

- အတန်းချိန်အားလုံး၏ (80%) မပျက်မကွက် တက်ရောက်ရပါမည်။

- တစ်ဦးချင်းနှင့် အဖွဲ့လိုက် Assignment များကို မပျက်မကွက် ပြုလုပ်ရပါမည်။ 

- Final Exam မဖြစ်မနေ ဖြေဆိုကြရပါမည်။ 


🏆 အထက်ပါ လုပ်ဆောင်ချက် (၃) ခု၏ ရမှတ်များကို အခြေခံတွက်ချက်ပြီး Grade (A+, A, B) အဖြစ်ဖော်ပြပြီး Certificate of Completion ထုတ်ပေးသွားမည်ဖြစ်ပါသည်။ 

🛑 အောင်မှတ် မရရှိသောသူများကို Certificate of Participation လက်မှတ်သာလျှင် ထုတ်ပေးသွားမည်ဖြစ်ပါသည်။ 


🪧 “ဘယ်လို သင်မှာလဲ”

-----------------------

သင်တန်းတက်ရောက်ခွင့်ရသူတွေကို Zoom application မှ ဆရာ/ဆရာမနှင့် LIVE sessions အတန်းချိန်များဖြင့် သင်ကြားပေးမှာဖြစ်တဲ့အတွက် အင်တာနက်လိုင်းရရှိသော မည်သည့်နေရာမှမဆို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။


🔔 သင်တန်းတက်ရောက်ခွင့်ရရန် လုပ်ဆောင်ရမည့် အချက်များ

-------------------------------------------------------

၁။ ယခုပိုစ်တွင်ဖော်ပြထားသော လျှောက်လွှာဖောင်ကို (၁၅.၇.၂၀၂၂) ညနေ (၅)နာရီ နောက်ဆုံးထား၍ ပြည့်စုံမှန်ကန်စွာဖြည့်သွင်းရပါမည်။ (အချက်အလက်မပြည့်စုံသောသူများကို ထည့်သွင်းစဉ်းစားသွားမည်မဟုတ်ပါ)

၂။  ၁၈.၇. ၂၀၂၂ ရက်နေ့တွင် Pre Selection ရွေးချယ်ခံရသူများကို အကြောင်းကြားစာနဲ့အတူ Placement Test Form တို့ကို ပူးတွဲ၍ Email ပေးပို့အကြောင်းကြားသွားမှာဖြစ်ပါသည်။

၃။ မိမိတို့၏ Email တွင် Inbox / All Mail / Spam တို့ကို သေချာစွာ ကြည့်ရှုကြပါရန် တိုက်တွန်းနှိုးဆော်ပါသည်။

၄။ ၂၃.၇.၂၀၂၂ ရက်နေ့တွင် Placement  Test အောင်မြင်သူများကို Email ပေးပို့အကြောင်းကြားသွားပါမည်ဖြစ်ပြီး၊ ယင်း Email တွင် UMRPR (Batch 1 /2022) Telegram Group link နှင့် သင်တန်းတက်ရောက်ရန်အတွက် Zoom Registration link တို့ကို ပူးတွဲပေးပို့အကြောင်းကြားသွားမည်ဖြစ်ပါသည်။ 

၅။ ၂၅.၇.၂၀၂၂ (တနင်္လာနေ့) နေ့လည် ၂း၀၀ နာရီ (မြန်မာစံတော်ချိန်)တွင် အတန်းကို စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ 


⚠️ စည်းကမ်းချက်များ

-----------------------

- သင်တန်းတက်ရောက်ခွင့်ရသူသည် အတန်းချိန် အနည်းဆုံး ၈၀% ပြည့်မီဖို့ လိုအပ်ပါသည်။

- စာသင်ချိန်တွေကို ၃ ချိန်ထက် ပိုမို ပျက်ကွက်ခွင့် မရပါ။

- ကျောင်းခေါ်ချိန်ပြည့်မီပြီး ဆရာများက ပေးအပ်တဲ့ Assignment များနှင့် စာတမ်းတို့ကို ဆရာများသတ်မှတ်ထားတဲ့ပုံစံတို့ဖြင့် တဦးချင်း (သို့) အုပ်စုငယ်များဖြင့် ပြုလုပ်အောင်မြင်ပြီးမှသာလျှင် အသိအမှတ်ပြု Certificate ထုတ်ပေးသွားမှာ ဖြစ်ပါသည်။

 - သင်တန်းပြီးဆုံးသည်အထိ တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းမှ ရပ်နားလိုပါက Exit Interview ဖြေရပါမည်။

🚨 Exit Interview မဖြေဆိုဘဲ သင်တန်းမှ ရုတ်တရက် နုတ်ထွက်သွားပါက MAI မှ ဖွင့်လှစ်သော သင်တန်းများ၊ လုပ်ဆောင်မှုများနှင့် MAI တွင် ပါဝင်လုပ်ဆောင်ခွင့် စသည်တို့အား တားမြစ်ပိတ်ပင်သွားမည်ဖြစ်ပါသည်။ 🚨


🔔 အသေးစိတ်သိရှိလိုသည်များရှိပါက MAI ၏ Facebook Page message box (သို့) mai.myanmar@protonmail.com သို့ ဆက်သွယ်နိုင်ပါသည်။ 


Political Awareness Training Unit

Minority Affairs Institute - MAI (Myanmar)

Website- https://www.maimyanmar.org

Email - mai.myanmar@protonmail.com

YouTube - https://youtube.com/channel/UCnf8f0jZspQRPwWX6g541dg 


#MAI #political  #awareness  #training 

#minority  #Rights #Political #representation