"Understanding Conflicts in Burma"
(ရက်တိုသင်တန်း / Short Course Training)
ဗမာပြည်သည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်မှ ယနေ့အထိ နှစ် (၇၀) ကျော်ကြား ပြည်တွင်းစစ်၏ စစ်တလင်းတခု အဖြစ်တည်ရှိနေခဲ့သည်။ ၎င်းအပြင် အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့သော လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခများနှင့်၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာ လူမျိုးများအပေါ် ဦးတည် ကျူးလွန်ခဲ့သည် လူမျိုးတုန်း သတ်ဖြတ်မှု ဖြစ်စဉ်များသည်လည်း ဗမာပြည်၏ ပဋိပက္ခများအတွင်း ပါဝင်လျက်ရှိသည်။ ထို့ကြောင့် ဗမာပြည်၏ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးတွင် ပါဝင်ဆောင်ရွက်နေသူများအနေဖြင့် အဆိုပါဖြစ်စဉ် ဖြစ်ရပ်များနှင့် ပတ်သက်၍ ပိုမိုနားလည် သိရှိနိုင်စေရန်အတွက် ဤသင်တန်ကို စီစဉ်ရခြင်း ဖြစ်ပါသည်။
🔔 လျှောက်လွှာတင်ရမည့်နောက်ဆုံးရက် -
ဇူလိုင်လ ၁၈ ရက်၊ ၂၀၂၂ ၊ တနင်္လာနေ့၊
🔔 သင်တန်းဝင်ခွင့်ရကြောင်း Email ပေးပို့မည့်ရက် -
ဇူလိုင်လ ၂၀ ရက်၊ ၂၀၂၂ ၊ ဗုဒ္ဓဟူးနေ့
🔔 သင်တန်းစတင်မည့်ရက် -
ဇူလိုင်လ ၂၁ ရက်၊ ၂၀၂၂ ၊ ကြာသာပတေးနေ့
🚨 သင်တန်းရက် (၅) ရက်
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၁/ ၂၂/ ၂၃/ ၂၄/ ၂၅ ရက်
(နေ့လည် ၃:၀၀ - ၅:၀၀ နာရီထိ / မြန်မာစံတော်ချိန်)
🛑 သင်တန်းဝင်ခွင့်လျှောက်လွှာဖြည့်ရန် 👇
https://forms.gle/bb3V9CuvNhs9t8Fa9
သင်တန်းအတွင်းပါဝင်မည့် သင်ခန်းစာ ခေါင်းစဉ်များ
- Multi-ethnicity in Burma
- Root Causes of Civil War
- Study on Racial and Religious Conflicts in Burma
- What is Genocide?
- The Road to Genocide
အထက်ပါခေါင်းစဉ်များနှင့် ပတ်သက်၍ လေ့လာဆွေးနွေးမှုများကို ပြုလုပ်သွားမည် ဖြစ်ပါသည်။
သင်တန်းပို့ချမည့်သူ ->
ကိုရဲဟိန်းအောင် (သုတေသီ)
[Myanmar Culture Research Society - MCRS]
ကိုရဲဟိန်းအောင်သည် ၂၀၀၅ ခုနှစ်တွင် နိုင်ငံတကာဆက်ဆံရေးဘာသာရပ်ဖြင့် ဝိဇ္ဇာဘွဲ့ကို ဒဂုံတက္ကသိုလ်မှလည်းကောင်း၊ ၂၀၀၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ဥပဒေ (ဘွဲ့လွန်ဒီပလိုမာ) ကို ရန်ကုန်တက္ကသိုလ်မှ လည်းကောင်း ရရှိခဲ့သည်။ ၂၀၀၅ ခုနှစ်မှစ၍ မြန်မာ့နိုင်ငံရေးသမိုင်းနှင့် ပတ်သက်သည့် အချက်အလက်စုဆောင်းမှုများနှင့် သုတေသန လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသည့် ပြည်တွင်းစစ်၊ ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခတို့နှင့် ပတ်သက်၍ အဓိက လေ့လာမှုများ ပြုလုပ်လျက်ရှိသည်။
Political Awareness Training Unit
Minority Affairs Institute - MAI (Myanmar)
mai.myanmar@protonmail.com
https://www.maimyanmar.org
#MAI #minority_affairs_institute #myanmar
#conflicts #Burma #training