...

"𝘜𝘯𝘥𝘦𝘳𝘴𝘵𝘢𝘯𝘥𝘪𝘯𝘨 𝘊𝘰𝘯𝘧𝘭𝘪𝘤𝘵𝘴 𝘪𝘯 𝘉𝘶𝘳𝘮𝘢" (3/2022)

"𝘜𝘯𝘥𝘦𝘳𝘴𝘵𝘢𝘯𝘥𝘪𝘯𝘨 𝘊𝘰𝘯𝘧𝘭𝘪𝘤𝘵𝘴 𝘪𝘯 𝘉𝘶𝘳𝘮𝘢" (3/2022)

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
(ရက်တိုသင်တန်း / Short Course Training)
မြန်မာပြည်သည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးချိန်မှစ၍ ယနေ့နှစ်ပေါင်း (၇၀) ကျော်ကြာသည်အထိ ပြည်တွင်းစစ်၏ စစ်တလင်းတစ်ခု ဖြစ်နေဆဲပင်။ အကြိမ်ပေါင်းများစွာ ဖြစ်ခဲ့သော လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခများ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာလူမျိုးများအပေါ် ကျူးလွန်ခဲ့သော လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်စဉ်များ စသည်တို့သည်လည်း မြန်မာပြည်၏ ပဋိပက္ခများအတွင်း ပါဝင်လျက်ရှိသည်။ သို့ဖြစ်ပါ၍ မြန်မာပြည်၏ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးတွင် ပါဝင်ဆောင်ရွက်နေကြသူများအနေဖြင့် အဆိုပါ ပဋိပက္ခများနှင့် ပတ်သက်ပြီး “ဂဃနဏ” ပိုမိုနားလည်သိရှိနိုင်စေရန်အတွက် ဤသင်တန်းကို စီစဉ်ရခြင်း ဖြစ်သည်။
🔔 လျှောက်လွှာတင်ရမည့်နောက်ဆုံးရက် -
သြဂုတ်လ (၁၉) ရက်၊ သောကြာနေ့
🔔 သင်တန်းဝင်ခွင့်ရ‌ကြောင်း Email ပေးပို့မည့်ရက် -
သြဂုတ်လ - (၂၀) ရက်၊ စနေနေ့
🔔 သင်တန်းစတင်မည့်ရက် -
သြဂုတ်လ - (၂၂) ရက်၊ တနင်္လာနေ့
🚨 သင်တန်းရက် (၅) ရက် -
၂၀၂၂ ခုနှစ်၊ သြဂုတ်လ (၂၂) ရက်မှ သြဂုတ်လ (၂၆)ရက်နေ့အထိ။
(မြန်မာစံတော်ချိန် နေ့လယ် ၃ နာရီ မှ ၅ နာရီ အထိ)
🛑 သင်တန်းဝင်ခွင့်လျှောက်လွှာဖြည့်ရန် 👇
သင်တန်းအတွင်းပါဝင်မည့် သင်ခန်းစာ ခေါင်းစဉ်များ
- Multi-ethnicity in Burma
- Root Causes of Civil War
- Study on Racial and Religious Conflicts in Burma
- What is Genocide?
- The Road to Genocide
အထက်ပါခေါင်းစဉ်များနှင့် ပတ်သက်၍ လေ့လာဆွေးနွေးမှုများကို ပြုလုပ်သွားမည် ဖြစ်ပါသည်။
သင်တန်းပို့ချမည့်သူ ->
ကိုရဲဟိန်းအောင် (သုတေသီ)
[Myanmar Culture Research Society - MCRS]
ကိုရဲဟိန်းအောင်သည် ၂၀၀၅ ခုနှစ်တွင် နိုင်ငံတကာဆက်ဆံရေးဘာသာရပ်ဖြင့် ဝိဇ္ဇာဘွဲ့ကို ဒဂုံတက္ကသိုလ်မှလည်းကောင်း၊ ၂၀၀၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ဥပဒေ (ဘွဲ့လွန်ဒီပလိုမာ) ကို ရန်ကုန်တက္ကသိုလ်မှ လည်းကောင်း ရရှိခဲ့သည်။ ၂၀၀၅ ခုနှစ်မှစ၍ မြန်မာ့နိုင်ငံရေးသမိုင်းနှင့် ပတ်သက်သည့် အချက်အလက်စုဆောင်းမှုများနှင့် သုတေသန လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသည့် ပြည်တွင်းစစ်၊ ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခတို့နှင့် ပတ်သက်၍ အဓိက လေ့လာမှုများ ပြုလုပ်လျက်ရှိသည်။