“Introduction to Humanity” အတန်း (Batch 1) အား စတင်ဖွင့်လှစ်ခြင်း"
Minority Affairs Institute မှ စီစဥ်ပြုလုပ်သော "Introduction to Humanity" (Batch 1) အတန်းအား ဆရာ ဒေါက်တာဝေယံလင်း ( CDM ကထိက - ဒဿနိကဌာန၊ ရန်ကုန်တက္ကသိုလ်) ၏ သင်ကြားပို့ချမှုဖြင့် (၁၅-၁၀-၂၀၂၂) တွင် အောင်မြင်စွာ စတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။။ အခက်အခဲများကြားမှ အဆင့်ဆင့်သော Pre-Test များ၊ စိစစ်ရွေးချယ်မှုများအပြင် လုံခြုံရေးနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အကာအကွယ် လုပ်ထုံးလုပ်နည်းများကိုပါ စိတ်ဝင်တစား ပူးပေါင်းပါဝင်ပေးကြသော သင်တန်းသူ/သားများကိုလည်း ကျေးဇူး အထူးတင်ရှိပါသည်။ ရွေးချယ်ခြင်းမခံရဘဲ ကျန်ရှိခဲ့သော သင်တန်းလျှောက်ထားသူများကိုလည်း နောင်လာမည့် သင်တန်းအပတ်စဥ် (Batch) များတွင် ပြန်လည်ချိတ်ဆက် ပါဝင်ပေးကြရန်လည်း အထူး မေတ္တာရပ်ခံအပ်ပါသည်။ Minority Affairs Institute မှ ယခုကဲ့သို့သော အသိပညာဖြန့်ဝေရေးသင်တန်းများကို ရှေ့လျှောက် ဆက်လက် တိုးချဲ့ဖွင့်လှစ်သွားနိုင်ရန် အားသွန်ခွန်စိုက် ကြိုးစားသွားမည်ဖြစ်ကြောင်း ကိုလည်း သတင်းကောင်းပါးလိုက်ရပါသည်။
Minority Affairs Institute - MAI (Myanmar)
Email - mai.myanmar@protonmail.com
Website - https://www.maimyanmar.org