...

"Certificate course in Foundation of Political Knowledge"

Guest Speaker Session
Minority Affairs Institute (MAI) နှင့် Irrawaddy Law School တို့ ပူးပေါင်းဖွင့်လှစ်သော "Certificate course in Foundation of Political Knowledge" အတန်းတွင် guest speaker အဖြစ် ဆရာ Julian မှ “Geopolitics” ခေါင်းစဥ်ဖြင့် ဝင်‌ရောက်ဆွေးနွေးသွားမည်ဖြစ်သည်။

ဆရာ Julian သည် လက်ရှိတွင် Oxford တက္ကသိုလ်၊ Oriel ကောလိပ်တွင် နိုင်ငံတကာဆက်ဆံရေး မဟာဒဿနိကဗေဒဘွဲ့ကို သင်ယူနေပြီး Jardine Scholar တစ်ဦးဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ (ပထမတန်း) ဂုဏ်ထူးဆောင်ဘွဲ့နှင့် ၂၀၂၁ ခုနှစ်တွင် Chulalongkorn တက္ကသိုလ်မှ Urban Strategies ဖြင့် Masters of Sciences ဘွဲ့ ရရှိခဲ့သည်။ အမေရိကန်-တရုတ် ပထဝီဝင်နိုင်ငံရေး၊ နိုင်ငံခြားရေးမူဝါဒ အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ ပထဝီဝင်နိုင်ငံရေးတို့ ပါဝင်သော သုတေသနပရောဂျက်များကို လုပ်ဆောင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။ မြို့ပြပြန်လည်နေရာချထားရေးမူဝါဒများနှင့် လမ်းညွှန်ချက်များကို စံနှုန်းများအဖြစ် အသုံးပြု၍ သီလဝါအထူးစီးပွားရေးဇုန်ရှိ မြို့ပြပြန်လည်နေရာချထားရေး အစီအစဉ်များ၏ချို့ယွင်းချက်များ၊ comparative နိုင်ငံရေး၊ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့ရေးရာမူဝါဒ စသည့် နယ်ပယ်များနှင့်ပတ်သက်၍ ဟောပြောပွဲများနှင့် ဆွေးနွေးပွဲများတွင် ပို့ချပေးခဲ့သည်။