...

Global Politic (Informal Online Course - IOC)

ဒဂုံတက္ကသိုလ် စီဒီအမ်ကျောင်းသားများအတွက် Informal Online Course - IOC အစီအစဥ်များမှ Program -7 အနေဖြင့် “Global Politic ” သင်တန်း ကိုလှစ်မည်ဖြစ်သည်။ အဆိုပါ သင်တန်းနှင့် Informal Online Course - IOC များသည် အတန်းတင်ပညာရေး၊ သင်ရိုးပညာရေးများကို ဦးတည်ခြင်းမဟုတ်ဘဲ စီဒီအမ်ကျောင်းသားများ၏ ကိုယ်ရည်ကိုယ်သွေးနှင့် အသိပညာ တိုးတက်စေရန် အထူးရည်ရွယ်သည်။စိတ်ဝင်စားပြီး အခြေခံကနေ လေ့လာချင်သောကျောင်းသားများ သင်ကြားတက်ရောက်နိုင်မည်။
▪️တက်ရောက်ခွင့်ရှိသူများ။
စစ်ကျွန်ပညာရေးအား သပိတ်မှောက်ထားသော ဒဂုံတက္ကသိုလ် စီဒီအမ်ကျောင်းသားများ အခမဲ့ တက်ရောက်နိုင်သည်။
သင်တန်းတက်ရောက်ခွင့် လျှောက်ထားရန်။
အောက်ပါ Google form မှတဆင့် သင်တန်းတက်ရောက်ခွင့် လျှောက်ထားရမည်ဖြစ်ပြီး တက်ရောက်ခွင့်ရသူများအား ပြန်လည်၍Email ပေးပို့သွားမည်ဖြစ်သည်။
▪️သင်တန်းကာလနှင့် အချိန်။
သင်တန်းသည် ၂ လ ခွဲကြာမြင့်မည်ဖြစ်ပြီး
အပတ်စဥ် ဗုဒ္ဓဟူးနေ့နှင်ကြာသပတေးနေ့ နေ့လည် (၆) နာရီမှ ညနေ (၉) နာရီ အထိ တက်ရောက်ရမည်ဖြစ်သည်။
▪️သင်တန်းပေးမည့် Platform
Zoom Application ဖြင့် သင်တန်းပေးမည်ဖြစ်သည်။
▪️သင်တန်းပြီးမြောက်ခြင်း။
သင်တန်းတက်ရောက်ပြီးစီးပါက Attendance ပြည့်မီမှု၊ Test များ ဖြေဆိုနိုင်မှုပေါ်မူတည်၍ ဒဂုံတက္ကသိုလ်ယာယီအုပ်ချုပ်​ရေးကောင်စီမှ တရားဝင်အသိအမှတ်ပြုသင်တန်းပြီးစီးကြောင်းလက်မှတ်များ ပေးအပ်သွားမည်ဖြစ်သည်။
▪️သင်တန်းစတင်ဖွင့်လှစ်မည့်ရက်။
ဇန်နဝါရီလ (၁၆) ရက်နေ့၊ ၂၀၂၃ခုနှစ်။
▪️သင်တန်းတက်ရောက်ခွင့် လျှောက်ထားရန်။
အောက်ပါ Google form မှတဆင့် သင်တန်းတက်ရောက်ခွင့် လျှောက်ထားရမည်ဖြစ်ပြီး တက်ရောက်ခွင့်ရသူများအား ပြန်လည်၍ E mail ပို့ထားမည်ဖြစ်သည်။
▪️တက်ရောက်ခွင့်လျှောက်ထားရန် နောက်ဆုံးရက်။
သင်တန်းတက်ရောက်ခွင့် လျှောက်ထားမည့်သူများသည်
ဇန်နဝါရီလ (၄) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်သည်။
သင်တန်းသားဦးရေ (၅၀)သာလက်ခံသွားမည်ဖြစ်သည်။
အသေးစိတ်ထပ်မံသိရှိလိုပါက DUIC Page Chat Box နှင့် MAI Page Chat Box တို့တွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Informal Online Course အစီအစဥ်များ။