RAISA (ရိုဟင်ဂျာ အရှေ့တောင်အာရှ ကွန်ယက်) နှင့် Minority Affairs Institute တို့ ပူးပေါင်းဖွင့်လှစ်သော လေးရက်တာ လူနည်းစုအခွင့်အရေး အလုပ်ရုံဆွေးနွေးပွဲ
လူမျိုးစုများအကြား သဟာဇာတဖြစ်မှု၊ လူနည်းစုအခွင့်အရေးများအားလေးစားလိုက်နာမှုနှင့် တရားမျှတမှု တို့သည် ဖယ်ဒရယ်ဒီမိုကရေစီ စနစ် ထူထောင်နိုင်ရေးအတွက် ကြိုးပမ်းမှုတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လို့ နေပါသည်။ အနာဂတ်တွင် လူမျိုးစု အားလုံး နှင့်တကွ လူနည်းစုအားလုံးတို့အပေါ် လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့်အညီ တရားမျှတစွာဆက်ဆံမည့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာနိုင်စေရန် အလို့ငှာ ကျွန်မတို့ RAISA (ရိုဟင်ဂျာ အရှေ့တောင်အာရှ ကွန်ယက်) နှင့် Minority Affairs Institute တို့ ပူးပေါင်းဖွင့်လှစ်သော လေးရက်တာ လူနည်းစုအခွင့်အရေး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပသွားမှာ ဖြစ်ပါသည်။
ဒီလေးရက်တာ ဆွေးနွေးပွဲတွင် လူနည်းစု အခွင့်အရေး၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ သဘောတရားများနှင့်တကွ လုပ်ငန်းဆောင်တာများအပြင် လူမှု့သဟဇာတဖြစ်မှုဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးသွားကြမှာ ဖြစ်ပါသည်။ သင်တန်းတွင် Bangladesh ဒုက္ခသည်စခန်းတွင် ခိုလှုံလျက်ရှိသော ရိုဟင်ဂျာ ညီအစ်ကို၊ အစ်မ မောင်နှမများအပါအဝင် ပြည်တွင်းနှင့်ပြည်ပမှ အခြား တိုင်းရင်းသား လူနည်းစုဝင်များလည်း ပါဝင်ကြဖို့ ဖိတ်ခေါ်ချင်ပါသည်။ ယခုတကြိမ် ဆွေးနွေးပွဲမှာ ပါဝင်နိုင်မည့်သူ အယောက် ၃၀ သတ်မှတ်ထားပြီး နောက်ဆုံး လျှောက်ထားရမည့်ရက်မှာ ဒီဇင်ဘာလ ၂၀ ရက်နေ့ ဖြစ်ပါသည်။ ဆွေးနွေးပွဲအား ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် Zoom မှ စတင် ကျင်းပသွားမှာ ဖြစ်ပါသည်။ ရွေးချယ်ခံရသည့် သူများအား Signal, Whatsapp နှင့်တကွ တယ်လီဖုန်းမှ ဆက်သွယ်အကြောင်းကြားပေးမည် ဖြစ်ပါသည်။ အရွေးမခံရသူများအား ဆက်သွယ်ပေးနိုင်ခြင်းမရှိသည့်အတွက် များစွာ စိတ်မကောင်းဖြစ်ရပါသည်။
တက်ရောက်သူများအနေဖြင့် လေးရက်တာ ကာလလုံး ပါဝင်တက်ရောက်နိုင်ဖို့ မေတ္တာရပ်ခံအပ်ပါသည်။
🖇️ Registration link:
#MAI #Myanmar #raisa
#Minority_Affairs_Institute