အခြေခံသုတေသနစွမ်းရည်သင်တန်း အပတ်စဉ်(၁) အောင်မြင်စွာပြီးဆုံး

အခြေခံသုတေသနစွမ်းရည်သင်တန်း အပတ်စဉ်(၁) အောင်မြင်စွာပြီးဆုံး


လူနည်းစုရေးရာအင်စတီကျု (Minority Affairs Institute - MAI) မှ တော်လှန်ရေးကာလအတွင်း မျိုးဆက်သစ်လူငယ်များ စဉ်ဆက်မပြတ် ပညာဆည်းပူးနိုင်ရန်အတွက် ဖွင့်လှစ်သော အခြေခံသုတေသန စွမ်းရည်သင်တန်း အပတ်စဉ် (၁) သည် ၂၀၂၂ခုနှစ်၊နိုဝင်ဘာလ ၂၁ရက်နေ့ တွင် အောင်မြင်စွာပြီးဆုံးသွားခဲ့ပြီဖြစ်ပါသည်။


ဤသင်တန်းသည် နိုင်ငံတဝန်းဖြစ်ပျက်နေသော အခြေအနေများကို အချက်အလက်စုဆောင်းခြင်း၊ မှတ်တမ်းပြုစုခြင်းနှင့် ခွဲခြမ်းစိတ်ဖြာလေ့လာနိုင်သော မျိုးဆက်သစ်သုတေသီများထွက်ပေါ်လာစေရန်သာမက တော်လှန်ရေးကာလအလွန်အသွင်ကူးပြောင်း‌ရေးကာလနှင့် အနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးတွင် မျိုးဆက်သစ်လူငယ်များအနေဖြင့် သုတေသနပြုလုပ်၍ တဖက်တလမ်းမှ ပါဝင်နိုင်ရန်အတွက်လည်း ရည်ရွယ်ဖွင့်လှစ်ခဲ့ဖြစ်ပါသည်။


သင်တန်းသား ၁၇ ဉီးသည် သင်တန်းကာလ ၂လ ကျော်အတွင်း သုတေသနပြုလုပ်ခြင်းပညာရပ်အား ကျွမ်းကျင်ဆရာ၊ဆရာမများနှင့် စာတွေ့လက်တွေ့ သင်ကြားခဲ့ရပြီး သုတေသနစာတမ်းများလည်း ပြုလုပ်ခဲ့ကြပါသည်။ သင်တန်းသားများပြုလုပ်သော သုတေသနစာတမ်းများထဲမှ “The Study of Fast Food Consumption Among Youth and Its Related Diseases in Myitkyina”သည် ပထမဆု၊ “The Study of Current Political Impacts on IDP’s Education In Roberts IDPs Camp, Bhamo Township” သည် ဒုတိယဆု၊ “The Study of the Impact of Communal Violence Happened In Western Bago”သည် တတိယဆု ရရှိခဲ့ပြီး “Research on Assessment of Myanmar People Understanding on Federal System” နှင့် “Exploring the Understanding of Rvwang CDMs On the Civil Disobedience Movement and Their Participation In the Movement” တို့သည် နှစ်သိမ့်ဆုများ ရရှိခဲ့ပါသည်။


Minority Affairs Institute (MAI) သည်၂၀၂၁ ခုနှစ်၊ ဧပြီလတွင် စတင်တည်ထောင်၍ မြန်မာလူငယ်များ စဉ်ဆက်မပြတ် ပညာသင်ကြားနိုင်ရန်အတွက် သင်တန်းများဖွင့်လှစ်ခြင်းနှင့် လူနည်းစုရေးရာကိစ္စရပ်များဆောင်ရွက်နေသော အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။


Minority Affairs Institute - MAI (Myanmar)


#minorityaffairsinstitute