IPS-2 သင်တန်းပြီးမြောက်ခြင်းအတွက် ဝမ်းမြောက်ကြောင်းကြေညာခြင်း

IPS-2 သင်တန်းပြီးမြောက်ခြင်းအတွက် ဝမ်းမြောက်ကြောင်းကြေညာခြင်း


Minority Affairs Institute (MAI) မှ ဒုတိယအကြိမ်မြောက်စီစဉ်ဖွင့်လှစ်ခဲ့သော (၃) လတာကြာမြင့်ခဲ့သည့် "Introduction to Politics and Social Science - IPS (2nd Batch/2022) ၏ သင်တန်းဆင်းပွဲ Certificate Awarding Ceremony ကို ၂၀၂၂ ခုနှစ်၊ မေလ (၂၂) ရက်၊ တနင်္ဂနွေနေ့ ညပိုင်းတွင် အောင်မြင်စွာ ကျင်းပခဲ့ကြပါသည်။


သင်တန်းကာလ (၃) လတာအတွင်း Guest Speakers များအဖြစ် ပါဝင် သင်ကြားပေးခဲ့ကြပါသော ဆရာကြီးဒေါက်တာသိန်းလွင် (Thinking Classroom Foundation)၊ မဝေနှင်းပွင့်သုန် (Burma Campaign UK) ၊ ဒေါက်တာဝေယံလင်း (CDM Professor, Department of Philosophy - University of Yangon) နှင့် ဒေါက်တာစုယဉ်ထွန်း (CDM Professor, Faculty of Law - Mandalay University Interim Council) တို့အား MAI မှ အထူးကျေးဇူးတင်ရှိအပ်ပါသည်။


ဂုဏ်သရေရှိဧည့်သည်တော်များအဖြစ် ပါဝင်တက်ရောက်ပြီး ဂုဏ်ပြုစကားပြောကြားပေးခဲ့ကြသော ဆရာ စောကပီ (Founding Director of Salween Institute for Public Policy)၊ ဒေါက်တာစုယဉ်ထွန်း (CDM Professor, Faculty of Law - Mandalay University Interim Council)၊ ကိုရဲဟိန်းအောင် (Researcher, Myanmar Culture Research Society - MCRS)၊ Tr. Zar (MAI) နှင့် ဆရာမျိုး (MAI) တို့အား MAI အဖွဲ့သူ/သားများမှ ကျေးဇူးတင်ရှိအပ်ပါသည်။


သင်တန်းအား ပါဝင်လျှောက်ထားသူ (၃၈၈) ဦးထဲမှ ပဏာမရွေးချယ်ခြင်းနှင့် Pre-Test များစီစစ်ရွေးချယ်ခဲ့ပြီးနောက် (၁၁၀) ဦး သင်တန်းတက်ရောက်ခွင့်ရရှိခဲ့ကြပါသည်။ သင်တန်းကာလတလျှောက် သင်တန်းတက်ရောက်ချိန်၊ Assignment များပြုလုပ်ခြင်းနှင့် Final Test တို့ကိုထည့်သွင်းတွက်ချက်ပြီး စုစုပေါင်းရမှတ်များနဲ့ အဆင့် (Grade) သတ်မှတ်ပေးအပ်ခဲ့ပါသည်။ သင်တန်းသူ/သား (၃၉) ဦးသည် Certificate of Completion ဖြင့် အောင်မြင်ခဲ့ကြပြီး၊ (၇) ဦးသည် Certificate of Participants ဖြင့် ပြီးမြောက်ခဲ့ကြပါသည်။ Certificate တွင် အရည်အချင်းရမှတ်များအလိုက် Grade A+, A, B စသည်ဖြင့် သတ်မှတ်ပေးအပ်ခဲ့ပါသည်။ အခက်အခဲမျိုးစုံကြားမှ အခြေခံနိုင်ငံရေးအသိပညာများကို အချိန်ပေးကြိုးစားသင်ယူခဲ့ကြသော သင်တန်းသူ/သားများတို့ကို MAI မှ ဂုဏ်ယူဝမ်းမြောက်ပါသည်။ ပြည်သူ့တော်လှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးတို့တွင် အင်တိုက်အားတိုက် ပါဝင်နိုင်ကြမည်ဟု ယုံကြည်မျှော်လင့်နေပါသည်။


Minority Affairs Institute - MAI