အမျိုးသားညီညွှတ်ရေးအစိုးရ( NUG)၊ လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာန (MOHR) နှင့် Minority Affairs Institute - MAI (Myanmar) တို့ တွေ့ဆုံဆွေးနွေးခြင်း

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့၊ နံနက် ၁၀ နာရီတွင် လူ့အခွင့်အရေးဆိုင်ရာ ၀န်ကြီးဌာနမှ ‌ပြည်ထောင်စု၀န်ကြီး ဦးအောင်မျိုးမင်းနှင့် တာ၀န်ရှိသူများအပါအဝင်၊ Minority Affairs Institute - MAI (Myanmar) မှ တာ၀န်ရှိသူများ ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ 

ထိုတွေ့ဆုံပွဲ၌ နှစ်ဖက်စလုံးတွင် တူညီသော ရည်ရွယ်ချက်ဖြင့် ရှေ့ဆက်နေကြသည်ကို သိမြင်ခဲ့ရပါသည်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် MAI မှ ဥက္ကဌ ဒေါက်တာသန်းလွင်ဦးတို့မှ အဖွင့်စကားပြောကြားခဲ့ကြပါသည်။ ထိုနောက် MAI မှ လက်ရှိပို့ချဖွင့်လှစ်နေသော နိုင်ငံရေးသိပ္ပံသင်တန်း၊ လူနည်းစုအခွင့်အရေးဆိုင်ရာသင်တန်းများနှင့် အခြေခံသုတေသနသင်တန်းများအပါအဝင် သုတေသနလုပ်ငန်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေသော လုပ်ငန်းများကို ရှင်းလင်းပြောပြခဲ့ပါသည်။ 

လက်ရှိ တော်လှန်ရေးကာလအတွင်း မြန်မာနိုင်ငံတွင်း၌ ဖြစ်‌ပေါ်နေသော စစ်ကောင်စီမှ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများအတွက် မှတ်တမ်းတင်ထိန်းသိမ်းကြပြီး နိုင်ငံတကာတရားစီရင်ရေးစနစ်များတွင် အထောက်အကူပြုနိုင်ရေး၊ တော်လှန်ရေးကာလအတွင်း နိုင်ငံရေးနှင့် ဒီမိုကရေစီအရေးလှုပ်ရှားမှု ပိုမိုအားကောင်းနေစေရန် အတွေးအခေါ်ပိုင်းဆိုင်ရာ သင်တန်းများဖြင့် မျှဝေခြင်း၊ အသွင်ကူးပြောင်း‌ရေးကာလတွင် တရားမျှတမှု ဖော်ဆောင်နိုင်ရေးနှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတွင် လူ့အခွင့်အရေး၊ လူနည်းစုအခွင့်အရေး ‌ဖော်ဆောင်နိုင်ရေးအတွက် ပူးပေါင်းလုပ်ဆောင်သွားနိုင်ကြမည့်နည်းလမ်းများကို ဆွေးနွေးခဲ့ကြပါသည်။ 

 #minority_affairs_institute #mai_myanmar