အမျိုးသားညီညွှတ်ရေးအစိုးရ( NUG)၊ လူ့အခွင့်အရေးဝန်ကြီးဌာန (MoHR) နှင့် Minority Affairs Institute (MAI) Myanmar ဦးဆောင်သော လူနည်းစုရေးရာအရပ်ဖက်လူမှုအဖွဲအစည်းများ ကွန်ယက်တို တွေ့ဆုံဆွေးနွေး

အမျိုးသားညီညွှတ်ရေးအစိုးရ( NUG)၊ လူ့အခွင့်အရေးဝန်ကြီးဌာန (MoHR) နှင့် Minority Affairs Institute (MAI) Myanmar ဦးဆောင်သော လူနည်းစုရေးရာအရပ်ဖက်လူမှုအဖွဲအစည်းများ ကွန်ယက်တို တွေ့ဆုံဆွေးနွေး



သတင်းထုတ်ပြန်ချက်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၄)ရက်။ 


အမျိုးသားညီညွှတ်ရေးအစိုးရ( NUG)၊ လူ့အခွင့်အရေးဝန်ကြီးဌာန (MoHR) နှင့် Minority Affairs Institute (MAI) Myanmar ဦးဆောင်သော လူနည်းစုရေးရာအရပ်ဖက်လူမှုအဖွဲအစည်းများ ကွန်ယက်တို တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း 


အမျိုးသားညီညွှတ်ရေးအစိုးရ( NUG) ၏ လူ့အခွင့်အရေးဝန်ကြီးဌာန (MoHR) နှင့် လူနည်းစုရေးရာ အင်စတီကျု (MAI Myanmar) ဦးဆောင်သော အရပ်ဖက်လူမှုအဖွဲအစည်း (၁၅) ဖွဲ ပူးပေါင်းဖွဲစည်းထားသော လူနည်းစုရေးရာအဖွဲအစည်းများကွန်ယက်တိုသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်နေ့၊ ညနေ ၄:၀၀ နာရီမှ ၆:၃၀ နာရီအချိန်ထိ Zoom platform မှ တဆင့် ရင်းနှီးပွင့်လင်းစွာတွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံပွဲသို လူ့အခွင့်အရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး Khun Baham Htan ဦးဆောင်သော အမြဲတမ်းအတွင်းဝန်နှင့် ဝန်ကြီးဌာန တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး၊ MAI Myanmar နှင့် မိတ်ဖက်ကွန်ယက်အဖွဲအစည်းများမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။  


တွေ့ဆုံဆွေးနွေးပွဲတွင် အရပ်ဖက်လူမှုအဖွဲအစည်းများမှ ဆွေးနွေးတိုင်ပင်ခဲ့ကြသော အချက်အလက် များကိုအခြေခံ၍ ကဏ္ဍအလိုက် တော်လှန်ရေးကာလတွင် လူနည်းစုအုပ်စုဝင်များကြုံတွေ့ခံစားနေရသော ကိစ္စရပ်များ၊ အစဉ်တဆက်ခွဲခြားဖိနှိပ်ထားခဲ့သော ဥပဒေနှင့် မူဝါဒများအပါအဝင် အနာဂတ်ဖယ်ဒရယ် ဒီမိုကရေစီနိုင်ငံထူထောင်ရာတွင် လူနည်းစုအုပ်စုဝင်များ၏ အခွင့်အရေးများနှင့် အခန်းကဏ္ဍများအကြောင်း အစုအဖွဲအသီးသီးမှ PowerPoint Presentations များဖြင့် ဆွေးနွေးတင်ပြခဲ့ကြပါသည်။ ထိုနောက် ဒုဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်အပါအဝင် ဝန်ကြီးဌာနတာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ လူ့အခွင့်အရေးဝန်ကြီးဌာနနှင့် လူနည်းစုရေးရာအဖွဲအစည်းများကွန်ယက်တိုအနေနဲ့ ပုံမှန်ချိတ်ဆက် ဆက်သွယ် ဆောင်ရွက်သွားကြရန်လည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါသည်။


တော်လှန်ရေးသစ္စာဖြင့် 

လူနည်းစုရေးရာအင်စတီကျူ 


#MAI #Myanmar #NUG #MoHR