Human Rights and Freedom of Religion and Belief Training ( Batch - 3) အား စတင်ဖွင့်လှစ်ကြောင်းကြေညာခြင်း

Human Rights and Freedom of Religion and Belief Training ( Batch - 3) အား စတင်ဖွင့်လှစ်ကြောင်းကြေညာခြင်း


၂၀၂၄ ခုနှစ်၊ မေလ ၁၃ ရက်၊ တနင်္လာနေ့တွင် Training for the Human Rights and Freedom of Religion And Belief သင်တန်းအပတ်စဉ် (၃) အား စိတ်ဝင်စားပြီး တက်ရောက်သူများနှင့်အောင်မြင်စွာ ဖွင့်လှစ်သင်ကြားနိုင်ခဲ့ပါသည်။


Minority Affairs Institute (MAI) နှင့် Asia Justice and Rights (AJAR) တို့ပူးပေါင်းဖွင့်လှစ်သည့် ယခု Training အားလျှောက်ထားသူ တစ်ဦး တစ်ယောက်ချင်းစီကို ကျေးဇူးတင်ရှိပါသည်။ သင်တန်းသူ/သားများရွေးချယ်ရာတွင် MAI မှ သင်တန်းအတွင်း နေရာဒေသအသီးသီးရှိ သင်တန်းသူ/သားများ၏ မတူညီသောအမြင်များဖြင့် လွတ်လပ်တက်ကြွစွာဆွေးနွေးနိုင်စေရန် ပြည်နယ်နှင့်တိုင်းအသီးသီးနှငိ့ လူနည်းစုများပါဝင်နိုင်မှုအနေဖြင့် အချိုးညီစွာ ရွေးချယ်ခဲ့ပါသည်။ ထို့သို့ရွေးချယ်ရာတွင့် ဖွဲ့ဖြိုးမှုနည်းပါးပြီး ပညာရေးနှင့်အလှမ်းဝေးသော ဒေသများရှိသင်တန်းသူ/သားများပါဝင်နိုင်မှုရှိစေရန်နှင့် Gender ညီမျှမှုရှိစေရန်အတွက်အထူးအလေးထား ရွေးချယ်ခဲ့ပါသည်။


ယခု Training မှ သင်ခန်းစာ၊ ဆွေးနွေးချက်များကိုလည်း တက်ကြွစွာ ပါဝင်ဆွေးနွေးကြသည့်အတွက် အားရကျေနပ်မှုရှိပါသည်။ ယခု Training မှ လူတစ်ဦး တစ်ယောက်ချင်းစီ၏ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုနှင့် ဘာသာရေးအယူအဆများ အပါအဝင် နိုင်ငံတကာစံနူန်းများ၏ ဘာသာရေးလွတ်လပ်စွာယုံကြည်ကိုးကွယ်မှုဆိုင်ရာလွတ်လပ်ခွင့်များကို သင်တန်းသူ/သားများမှတက်ကြွစွာပါဝင်ဆွေးနွေးခဲ့ကြပါသည်။


ထို့အပြင် ယခုကဲ့သို့ အသိပညာဖြန့်ဝေရေးသင်တန်းများကို Minority Affairs Institute (MAI Myanmar) မှ ဆက်လက်ဖွင့်လှစ်သွားနိုင်ရန် အမြဲကြိုးစားသွားမည်ဖြစ်ကြောင်းကိုလည်း သတင်းကောင်းပါးအပ်သည်။ MAI မှ နောက်ဖွင့်လှစ်မည့်အတန်းများကိုလည်း ဆက်လက်တက်ရောက်နိုင်ဖို့ ဖိတ်ခေါ်အပ်ပါသည်။


#MAI #Myanmar

#Minority_Affairs_Institute

#Training_for_the_Human_Rights_and_Freedom_of_Religion_And_Belief_Batch3