Human Rights And Freedom of Religion And Belief Training (Batch - 4) အား စတင်ဖွင့်လှစ်ကြောင်းကြေညာခြင်း

Human Rights And Freedom of Religion And Belief Training (Batch - 4) အား စတင်ဖွင့်လှစ်ကြောင်းကြေညာခြင်း


၂၀၂၄ ခုနစ်၊ ဇွန်လ ၇ ရက်၊ သောကြာနေ့တွင် Training for the Human Rights and Freedom of Religion And Belief သင်တန်းအပတ်စဉ် (၄) အား အောင်မြင်စွာ ဖွင့်လှစ်သင်ကြားနိုင်ခဲ့ပါသည်။ 



Minority Affairs Institute (MAI) ၊ RAISA Transitional Justice Organization နှင့် Asia Justice and Rights (AJAR) တို့ ပူးပေါင်းဖွင့်လှစ်သည့် ယခု FORB Training သည် ဒုက္ခသည်စခန်း (Refugee Camps) များတွင်နေထိုင်နေကြရသော ရိုဟင်ဂျာလူမျိုးစုများအား အဓိကထား၍ လွတ်လပ်စွာကိုးကွယ်ယုံ​​ကြည်မှု သဘောသဘာဝများ၊ ဗဟုသုတများ၊ အသိအမြင်များပြည့်ဝစေရန် သင်တန်းပို့ချပေးခဲ့ပါသည်။ အခက်အခဲများအကြားမှ တက်​ရောက်ပေးခဲ့ကြသော တစ်ဦးတစ်ယောက်ချင်းစီနှင့် နည်းပညာအခက်အခဲကို အတတ်နိုင်ဆုံး ကြိုးစားလုပ်​ဆောင်​ပေး​​ခြင်းများအတွက် ကျေးဇူးတင်ရှိပါသည်။ ဤသင်တန်းအား သင်ကြားရေးတွင် ပိုမိုထိရောက်မှုရှိစေရန်အတွက် RAISA မှ ရိုဟင်ဂျာဘာသာစကားအား ဘာသာပြန်ထားရှိ၍ သင်ကြားပို့ချရန်ကူညီခဲ့ပါသည်။ 



ယခု သင်တန်းမှ သင်ခန်းစာ၊ ဆွေးနွေးချက်များကို သင်တန်းသားများမှ တက်ကြွစွာ ပါဝင်ဆွေးနွေးကြသည့်အတွက် အားရကျေနပ်မှုရှိခဲ့ပါသည်။ ယခု သင်တန်းသည် လူအဖွဲ့အစည်းရှိ လူသားများ၏ ရပိုင်ခွင့်ရှိသောလူ့အခွင့်အရေး အခြေခံသဘောတရားအကြောင်းအရာများနှင့် လူတစ်ဦး တစ်ယောက်ချင်းစီ၏ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှု၊ ဘာသာရေးအယူအဆများကို သင်တန်းသားများမှ လွတ်လပ်တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။



ထို့အပြင် ယခုကဲ့သို့ အသိပညာဖြန့်ဝေရေးသင်တန်းများကို Minority Affairs Institute မှ ဆက်လက်ဖွင့်လှစ်သွားနိုင်ရန် အမြဲကြိုးစားသွားမည်ဖြစ်ကြောင်းကိုလည်း သတင်းကောင်းပါးအပ်သည်။ MAI မှ နောက်ဖွင့်လှစ်မည့်အတန်းများကိုလည်း ဆက်လက်တက်ရောက်နိုင်ဖို့ ဖိတ်ခေါ်အပ်ပါသည်။



#MAI #Myanmar


#Minority_Affairs_Institute


#Training_for_the_Human_Rights_and_Freedom_of_Religion_And_Belief_Batc

h4