အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် လူနည်းစုအခွင့်အရေးနှင့် နိုင်ငံရေးအရပါဝင်နိုင်မှုတို့ ကို အာမခံချက်ပေးနိုင်ရေးအတွက် မူဝါဒဆိုင်ရာအကြံပြုခြင်း ညှိနှိုင်းဆွေးနွေးရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပပြီးစီးခဲ့ကြောင်းသတင်းထုတ်ပြန်ခြင်း

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် လူနည်းစုအခွင့်အရေးနှင့် နိုင်ငံရေးအရပါဝင်နိုင်မှုတို့ ကို အာမခံချက်ပေးနိုင်ရေးအတွက် မူဝါဒဆိုင်ရာအကြံပြုခြင်း ညှိနှိုင်းဆွေးနွေးရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပပြီးစီးခဲ့ကြောင်းသတင်းထုတ်ပြန်ခြင်း


သတင်းထုတ်ပြန်ချက်

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် လူနည်းစုအခွင့်အရေးနှင့် နိုင်ငံရေးအရပါဝင်နိုင်မှုတို့ ကို အာမခံချက်ပေးနိုင်ရေးအတွက် မူဝါဒဆိုင်ရာအကြံပြုခြင်း ညှိနှိုင်းဆွေးနွေးရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပပြီးစီးခဲ့ကြောင်းသတင်းထုတ်ပြန်ခြင်း


ရက်စွဲ - ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်


၁။ မြန်မာနိုင်ငံသည် လူမျိုးရေးသော်လည်းကောင်း၊ ယဉ်ကျေးမှုနှင့် ကိုးကွယ်ယုံကြည်မှုအရလည်းကောင်း စုံလင်ကွဲပြားသည့် အနာဂတ် ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံတော်တွင် လူမျိုးအခြေခံ နှင့် ယဉ်ကျေးမှုနှင့် ကိုးကွယ်ယုံကြည်မှုအခြေခံ လူနည်းစုများ နိုင်ငံရေးအရပါဝင်နိုင်ရေးသည် နိုင်ငံတစ်ဝှမ်းတည်ငြိမ်ဖွံ့ဖြိုးရေးနှင့် လူနည်းစုများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်များ အာမခံချက်ရှိရေးအတွက် လွန်စွာအရေးကြီးသည့် လုပ်ငန်းစဉ်အဖြစ် မိမိတို့ လူနည်းစုရေးရာအင်စတီကျူ Minority Affairs Institute – MAI (Myanmar) မှ အစဉ်တစိုက်ယုံကြည်ပါသည်။


၂။ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် လူနည်းစုအခွင့်အရေးနှင့် နိုင်ငံရေးအရပါဝင်နိုင်မှုတို့ ကို အာမခံချက်ပေးနိုင်ရေးအတွက် မူဝါဒဆိုင်ရာအကြံပြုခြင်း ညှိနှိုင်းဆွေးနွေးရေးအလုပ်ရုံဆွေးနွေးပွဲ Policy Review and Engagement Framework Workshop တစ်ရပ် ကို In-Person + Online ပေါင်းစပ်စနစ်ဖြင့် MAI (Myanmar) မှ ဦးဆောင်ပြီး ထိုင်းနိုင်ငံ တွင် ၂၀၂၃ အောက်တိုဘာ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ၂ ရက်တာ ကျင်းပခဲ့ပါသည်။ 


၃။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ CRPH, NUCC, NUG, EROs, CSOs မှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကြားကာလအုပ်ချုပ်ရေးကောင်စီများမှ တာဝန်ရှိသူများ ပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် လူနည်းစုများ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတွင် ပါဝင်နိုင်ရေးအတွက် အရေးကြီး သည့် လုပ်ငန်းစဉ် (၃) ခုဖြစ်သည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေလုပ်ငန်းစဉ် (Constitutional Initiatives)၊ နိုင်ငံ ရေးအဖွဲ့အစည်းယန္တရားလုပ်ငန်းစဉ် (Political Institutional Initiative)၊ လူမှု-စီးပွားဆိုင်ရာလုပ်ငန်းစဉ် (Socio-Economic Inititaives) များအနက်မှ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေလုပ်ငန်းစဉ် (Constitutional Initiatives) နှင့်ပတ်သက်ပြီး MAI အဖွဲ့မှ ပြုစုထားသည့် “ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ် အပိုင်း (၁) နှင့် (၂) တွင် လူနည်းစုများ ၏ သဘောထားကို ခွဲခြားစိတ်ဖြာခြင်း - Analysis of the Point of View of the Minority Perspective on the Federal Democracy Charter I & II” သုတေသနစာတမ်းကို တင်သွင်းခဲ့ပြီး အဆိုပါ စာတမ်းအပေါ် တက်ရောက်လာသည့် အဖွဲ့အစည်အသီးသီးမှ ခေါင်းဆောင်များမှ တက်ကြွစွာပါဝင်ဆွေးနွေးခြင်း၊ အဖွဲ့အလိုက်ဆွေးနွေးခြင်း - Group Discussions များဖြင့် ကျင်းပခဲ့ပါသည်။


၄။ အဆိုပါ (၂) ရက်တာ အလုပ်ရုံဆွေးနွေးပွဲ၏ အနှစ်ချုပ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

 (က) ဖက်ဒရယ်ချာတာ အပိုင်း (၁) နှင့် (၂) တွင် လူနည်းစုများနိုင်ငံရေးအရပါဝင်နိုင်မှုအတွက် အရေးကြီးသည့်အာမခံချက်များနှင့် ပတ်သက်ပြီး အာသာချက်/အားနည်းချက်များကို အရေးကြီးသည့် Policy Actors များ Stakeholders များအား ထိရောက်စွာ Advocacy ပြုလုပ်နိုင်ခဲ့ပါသည်။

 (ခ)  တက်ရောက်လာသူများမှ ဖက်ဒရယ်ချာတာ အပိုင်း (၁) နှင့် (၂) သည် ရေးဆွဲရာတွင် ပါဝင်နိုင်မှု Inclusiveness အားနည်းချက်များရှိနေပြီး ပြန်လည်သုံးသပ်ရန်လိုအပ်ကြောင်း၊ အနာဂတ်ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်အခြေခံဥပဒေများတွင် လူနည်းစုအခွင့်အရေးများအပါအဝင် ပြန်လည်ပြင်ဆင်များစွာရှိနေကြောင်း ပြန်လည်တင်ပြဆွေးနွေးခဲ့ကြပါသည်။

 (ဂ)  ယခုဆွေးနွေးပွဲမှ ရရှိလာသည့်အချက်အလက်များ၊ ဖက်ဒရယ်ချာတာ အပိုင်း (၁)၊ ပုဒ်မ (၂၅) နှင့် (၂၆) ဖော်ပြချက်ဖြစ်သည့် “တိုင်းရင်းသားနှင့် တိုင်းရင်းသားမဟုတ်သူများကြား အခြေခံအခွင့်အရေးများ ခွဲခြားထားမှုကို မိမိတို့သက်ဆိုင်ရာအဖွဲ့အစည်းများတွင် ပြန်လည်တင်ပြဆွေးနွေးပြီး လိုအပ်သည့် Action Plans များကို ချမှတ်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းသွားကြပါမည်ဟု တက်ရောက်လာခဲ့ကြသည့် Policy Actors အဖွဲ့အစည်းများကိုယ်စားပြု ခေါင်းဆောင်အချို့မှ ပြန်လည်တင်ပြဆွေးနွေးခဲ့ကြပါသည်။

 (ဃ) ဖက်ဒရယ်ချာတာနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့်ပတ်သက်သည့် ဆောင်ရွက်ချက်များအပြင် လူနည်းစုများ နိုင်ငံရေးတွင်ပါဝင်နိုင်မှု အာမခံချက်ပေးနိုင်ရေးအတွက် အခြားသောလိုအပ်သည့် လုပ်ဆောင်ချက်များဖြစ်သည့်နိုင်ငံရေးအဖွဲ့အစည်းယန္တရားလုပ်ငန်းစဉ် (Political Institutional Initiative) ၊ လူမှု-စီးပွားဆိုင်ရာလုပ်ငန်းစဉ် (Socio-Economic Inititaives) များ ကို ဆက်လက်ဆောင်ရွက်သွားရန် MAI (Myanmar) ကို တက်ရောက်လာသူများမှ တိုက်တွန်းခဲ့ကြရာ MAI (Myanmar) မှ တင်ပြတိုက်တွန်းချက်များကို အလေးထားပြီး အစွမ်းကုန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြန်လည် ကတိပြုခဲ့ပါသည်။


၅။ လူနည်းစုရေးရာကိစ္စရပ်များအပေါ် စိတ်ဝင်တစားအားကြိုးမာန်တက် တက်ရောက်ဆွေးနွေးခဲ့ကြ ပါ သောလွှတ်တော်ကိုယ်စားလှယ်တော်များ၊ ခေါင်းဆောင်များနှင့် လုပ်ဖော်ကိုင်ဖက်များအားလုံးတိုကို လူနည်းစု ရေးရာအင်စတီကျူ MAI(Myanmar) မှ အထူးကျေးဇူးတင်မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ 


၆။ MAI (Myanmar) မှ ဦးဆောင်ကျင်းပခဲ့သည့် အဆိုပါအလုပ်ရုံဆွေးနွေးပွဲသည် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို ပုံဖော်တည်ဆောက်ရန်အတွက် နိုင်ငံတဝန်းရှိ စုံလင်ကွဲပြားသော လူမျိုးစု၊ လူနည်းစု ရေးရာကိစ္စရပ်များအတွက် အရေးပါသောခြေလှမ်းဟု မိမိတို MAI (Myanmar) မှ ယုံကြည်ပါသည်။ ယခုမူဝါဒ ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲမှသည် စဉ်ဆက်မပြတ်ထိတွေ့ဆွေးနွေးညှိနှိင်းပြီး အတူတကွလက်တွဲဆက်လက်ပူး ပေါင်း လုပ်ဆောင်သွားကြရန်လည်း တက်ရောက်လာကြသူများမှ ဘုံသဘောထား ရှိခဲ့ကြသည့်အတွက် အပြုသဘောဆောင်ပြီး‌ အောင်မြင်သော အလုပ်ရုံဆွေးနွေးပွဲတခုဖြစ်ခဲ့ပါကြောင်း ထုတ်ပြန်အပ်ပါသည်။ 


တော်လှန်ရေးသစ္စာဖြင့်

လူနည်းစုရေးရာအင်စတီကျူ (မြန်မာ)

Email: mai.myanmar@protonmail.com