
𝗠𝗶𝗻𝗼𝗿𝗶𝘁𝘆 𝗔𝗳𝗳𝗮𝗶𝗿𝘀 𝗜𝗻𝘀𝘁𝗶𝘁𝘂𝘁𝗲 မှ စီစဥ်ဖွင့်လှစ်မည့် စီမံချက်လုပ်ငန်းများ စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် 𝗜𝗻𝘁𝗿𝗼𝗱𝘂𝗰𝘁𝗶𝗼𝗻 𝘁𝗼 𝗣𝗿𝗼𝗷𝗲𝗰𝘁 𝗖𝘆𝗰𝗹𝗲 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 (𝗣𝗖𝗠) သင်တန်း
ဒီသင်တန်းမှာဆိုရင် စီမံချက်လုပ်ငန်းများ စီမံခန့်ခွဲမှုရဲ့အခြေခံသဘောတရားတွေ၊ NGO sector တွင် Project စီမံခန့်ခွဲမှုရဲ့ အရေးကြီးပုံတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းများရဲ့ Project စီမံခန့်ခွဲမှု မူဘောင်တွေ၊ Project တွေကို စီမံခန့်ခွဲတဲ့နေရာမှာ ကြုံတွေ့ရလေ့ရှိတဲ့ အခက်အခဲစီမံခန့်ခွဲမှုနဲ့ ပတ်သက်တာတွေ၊ Project စီမံခန့်ခွဲမှုလုပ်ငန်းစဉ်တွေဖြစ်တဲ့ စီမံချက်လုပ်ငန်းများ စတင်ဖော်ထုတ်ခြင်း၊ အစီအစဉ်ရေးဆွဲခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ စောင့်ကြည့်ထိန်းသိမ်းခြင်းနဲ့ အကဲဖြတ်ဆန်းစစ်ခြင်း တွေကို သင်ယူလေ့လာခွင့်ရမှာ ဖြစ်ပါတယ်။
သင်တန်းပြီးဆုံးသွားတဲ့အခါ သင်တန်းသူ၊ သင်တန်းသားများအနေဖြင့် NGOs နယ်ပယ်တွင် လုပ်ကိုင်ဆောင်ရွက်နေသော Project စီမံခန့်ခွဲမှု ရဲ့အခြေခံသဘောတရားတွေ ကို နားလည်သဘောပေါက်ပြီး Project အစီအစဉ်တခုကို ကိုယ်တိုင်ရေးဆွဲနိုင်မှာဖြစ်သလို၊ Project တွေကို အကောင် အထည်ဖော်တဲ့နေရာတွင် ကြုံတွေ့ရနိုင်တဲ့၊ သက်ရောက်မှုရှိနိုင်တဲ့ အခက်အခဲတွေကို ခွဲခြားသတ်မှတ်နိုင်ပြီး၊ အခက်အခဲတွေကို ဗျူဟာကျကျ စီမံခန့်ခွဲနိုင်မှာဖြစ်သလို၊ စောင့်ကြည့်ထိန်းသိမ်းခြင်း နဲ့ အကဲဖြတ်ဆန်းစစ်ခြင်း လုပ်ငန်းစဉ်တွေကို နားလည်သဘောပေါက်ပြီး လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်စေရန် အထောက်အကူဖြစ်စေပါမယ်။
ဒါအပြင် ရန်ကုန်တက္ကသိုလ် ကြားကာလကောင်စီ နှင့် နိုင်ငံတကာတက္ကသိုလ်များနှင့် ပူးပေါင်းဖွင့်လှစ်မည့် ဘွဲ့ယူသင်တန်းအစီအစဉ်များ ကို ဆက်လက်တက်ရောက်နိုင်ရေးအတွက် တရားဝင်အသိအမှတ်ပြု Credit Transfer များရယူနိုင်ခြင်းများ ရရှိမှာဖြစ်ပါတယ်။
👨🏫 ဘယ်သူတွေ သင်မှာလဲ။
ဒီသင်တန်းတွင် CSOs၊ NGOs အဖွဲ့အစည်းများအတွက် စီမံချက်/စီမံကိန်း လုပ်ငန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်းနှင့် ပတ်သက်၍ အတိုင်ပင်ခံအကြံပေးသူဖြစ်ပြီး နိုင်ငံတကာ အဖွဲ့အစည်းများတွင် စီမံကိန်းလုပ်ငန်းများ စီမံခန့်ခွဲမှုကို ဦးဆောင် ဆောင်ရွက်လျက်ရှိသည့် ဆရာသုတမှ ဦးဆောင်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
🧑🎓 ဘယ်သူတွေ တက်ရောက်နိုင်လဲ။
🚩 ဒီသင်တန်းကို မြန်မာနိုင်ငံအတွင်းနဲ့ နိုင်ငံပြင်ပမှာရှိတဲ့ ပရောဂျက် စီမံခန့်ခွဲမှုကိုစိတ်ဝင်စားတဲ့ လူငယ်တွေ၊ နွေဦးတော်လှန်ရေးတွင်ပါဝင်နေပြီး ပရောဂျက် စီမံခန့်ခွဲမှုကို စိတ်ဝင်စားတဲ့ လူငယ်တွေ၊ လုပ်ငန်းခွင်ဝင်ရန် ပြင်ဆင်နေတဲ့ လူငယ်တွေ၊ ပရောဂျက် စီမံခန့်ခွဲမှုကို စိတ်ဝင်စားသော မည်သူမဆို (အခမဲ့) တက်ရောက်နိုင်ပါတယ်။
🚩 အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်ထားသူများ၊ အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA) ပြီးမြောက်ထားသူများ၊ CDM ကျောင်းသား၊ ကျောင်းသူများ၊ CSOs၊ NGOs နယ်ပယ်တွင် volunteer အဖြစ် ပါဝင်လုပ်ကိုင်နေသူများ (အခမဲ့) တက်ရောက်နိုင်ပါတယ်။
🚩လျှောက်ထားသူများထဲတွင် ပညာသင်ကြားခွင့်အခွင့်အလမ်းရရှိရန် ပိုမိုခက်ခဲသည့် လူနည်းစု ဘာသာဝင်၊ လူမျိုးစုများကို ဦးစားပေးရွေးချယ်သွားမှာဖြစ်ပါတယ်။
🚩 ပညာရပ်ပိုင်းဆိုင်ရာ စာပေများကို English လိုသာလျှင် ဖတ်ရှု့လေ့လာကြရမှာဖြစ်တဲ့အတွက် အနည်းဆုံး Pre- Intermediate (English) Level ရှိရမှာဖြစ်ပါတယ်။
🗓 သင်တန်းကာလကရော ဘယ်လောက်ကြာမြင့်မှာလဲ။
🚩 သင်တန်းကာလ စုစုပေါင်း (၂) လ ကြာမြင့်မှာဖြစ်ပြီး၊ သင်တန်းချိန်တွေကတော့ အပတ်စဉ် အင်္ဂါနေ့ နဲ့ ကြာသပတေးနေ့တိုင်း၊ မြန်မာစံတော်ချိန် ည ၇ နာရီမှ ၉ နာရီထိ သင်ကြားပေးသွားမှာဖြစ်ပါတယ်။
🚩 သင်တန်းချိန် ည (၇) နာရီမှ (၉) နာရီထိ မပျက်မကွက် ပုံမှန် တက်ရောက်နိုင်သူများ ဖြစ်ရပါမယ်။
💻 ဘယ်လိုသင်မှာလဲ။
🚩 အွန်လိုင်း Zoom ပလက်ဖောင်းကို အသုံးပြုပြီး၊ သင်ကြားတဲ့ ဆရာနဲ့ ဆွေးနွေးမှုများ၊ အဖွဲ့လိုက် လေ့ကျင့်ခန်းများနှင့် ဖြစ်ရပ်လေ့လာမှုများ ပါဝင်ပြီး အပြန်အလှန် ဆွေးနွေးမှုပုံစံ ဖြင့် သင်ကြားသွားမှာဖြစ်ပါတယ်။
🚩 အတန်းချိန်တိုင်းတွင် တက်ကြွစွာပါဝင်ဆွေးနွေးဖို့လိုအပ်ပြီး၊ တဦးချင်းစီနှင့် အုပ်စုလိုက် လှုပ်ရှားမှုများတွင် Presentation (PowerPoint) များနှင့် Assignment များတို့ကို (မပျက်မကွက်) ပြုလုပ်ကြရမှာဖြစ်ပါတယ်။
🚨 အထူးသတိပြုရန်
လူဦးရေအကန့်အသတ်ကြောင့် ရွေးချယ်ခြင်းမခံသူများရဲ့ အခွင့်အရေးဆုံးရှုံးမှုမဖြစ်အောင် သင်တန်းတက်ရောက်ခွင့်ရရှိသူများအနေဖြင့် သင်တန်းကို အချိန်ပြည့် တက်ရောက်ပေးဖို့ လိုအပ်ပါတယ်။
အတန်းချိန်အားလုံး၏ (80%) မပျက်မကွက် တက်ရောက်ရမှာဖြစ်ပါတယ်။
တဦးချင်း Assignment ကို မပျက်မကွက် ပြုလုပ်ရမှာဖြစ်ပါတယ်။
Pre test နဲ့ Post Test မဖြစ်မနေ ဖြေဆိုရမှာဖြစ်ပါတယ်။
🏆 အထက်ပါ လုပ်ဆောင်ချက် (၃) ခု၏ ရမှတ်များကို အခြေခံတွက်ချက်ပြီး Certificate of Completion ထုတ်ပေးသွားမှာဖြစ်ပါတယ်။
🛑 အောင်မှတ် မရရှိသောသူများကို Certificate of Participation ကို ထုတ်ပေးသွားမှာဖြစ်ပါတယ်။
🔔 သင်တန်းတက်ရောက်ခွင့်ရရန် လုပ်ဆောင်ရမယ့် အချက်များ
၁။ ယခုပို့စ်တွင်ဖော်ပြထားသော လျှောက်လွှာဖောင်ကို (ဖေဖော်ဝါရီလ ၂၇ရက်၊ ၂၀၂၅ခုနစ်) ညနေ ၆ နာရီ နောက်ဆုံးထား၍ ပြည့်စုံမှန်ကန်စွာဖြည့်သွင်းရမှာဖြစ်ပါတယ်။ (အချက်အလက်မပြည့်စုံသောသူများကို ထည့်သွင်းစဉ်းစားသွားမည်မဟုတ်ပါ)
၂။ ရွေးချယ်ခံရသူများကို အကြောင်းကြားစာနဲ့အတူ Pre Test Form တို့ကို ပူးတွဲ၍ Email ပေးပို့အကြောင်းကြားသွားမှာ ဖြစ်ပါတယ်။
၃။ မိမိတို့၏ Email တွင် Inbox / All Mail / Spam တို့ကို သေချာစွာ ကြည့်ရှုကြပါရန် လိုအပ်ပါတယ်။
၄။ မတ်လ ၂ရက်၊ ၂၀၂၅ခုနစ် တွင် သင်တန်းတက်ရောက်ခွင့် ရသူများကို MAI Training Unit Email မှ ပေးပို့အကြောင်းကြားသွားမှာဖြစ်ပြီး၊ အဆိုပါ Email တွင် PCM (2025) Telegram Group link နှင့် သင်တန်းတက်ရောက်ရမည် Zoom link တို့ကို ပူးတွဲပေးပို့အကြောင်းကြားသွားမှာဖြစ်ပါတယ်။
၅။ မတ်လ ၄ ရက်၊ ၂၀၂၅ ခုနစ်၊ ည ၇ နာရီ (မြန်မာစံတော်ချိန်) တွင် အတန်းကို စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါတယ်။
⚠️ စည်းကမ်းချက်များ
သင်တန်းတက်ရောက်ခွင့်ရသူများသည် ကျောင်းခေါ်ချိန် အနည်းဆုံး ၈၀% ပြည့်မီဖို့ လိုအပ်ပါတယ်။
သင်တန်းချိန်တွေကို (၃) ချိန်ထက် ပိုမို ပျက်ကွက်ခွင့် မရှိပါ။
ကျောင်းခေါ်ချိန်ပြည့်မီပြီး ဆရာမှပေးအပ်သော Assignment များကို သင်တန်းဆရာသတ်မှတ်ထားသောပုံစံတို့ဖြင့် တဦးချင်း (သို့) အုပ်စုငယ်များဖြင့် ပြုလုပ်အောင်မြင်ပြီးမှသာလျှင် အသိအမှတ်ပြု Certificate ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။
📝သင်တန်းလျှောက်လွှာ
📧 အသေးစိတ်သိရှိလိုပါက 👇mai.trainingunit@gmail.comကို ဆက်သွယ် မေးမြန်းနိုင်သလို Page Messenger ကလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Organized by MAI
လူနည်းစုရေးရာ အင်စတီကျူ (မြန်မာ)
Minority Affairs Institute - MAI (Myanmar)
Email - mai.myanmar@protonmail.com
Website - https://www.maimyanmar.org
YouTube - https://youtube.com/channel/UCnf8f0jZspQRPwWX6g541dg
#MAI #Myanmar #minorityaffairsinstitute
#introductiontoprojectcyclemanagement
#projectmanagement