Understanding Minority Rights and Political Representation (batch-1) သင်တန်း အောင်မြင်စွာပြီးဆုံးခြင်း

Understanding Minority Rights and Political Representation (batch-1) သင်တန်း အောင်မြင်စွာပြီးဆုံးခြင်း


Minority Affairs Institute မှ ပထမဆုံးအကြိမ် ဖွင့်လှစ်သော Understanding Minority Rights and Political Representation (UMRPR-1) သည် ၂၀၂၃ ခုနစ်၊ ဇူလိုင်လ (၁၄) ရက်နေ့တွင် မြန်မာစံတော်ချိန် ညနေ ၇ နာရီ ၄၅ မိနစ်တွင် အောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်ပါသည်။


သင်တန်းကာလတစ်လျှောက် သင်ခန်းစာများကို ဦးဆောင်သင်ကြားပို့ချပေးပါသော သင်တန်းဆရာ၊ ဆရာမနှင့်တကွ တက်ကြွစွာဆွေးနွေးပေးကြသည့် သင်တန်းသူ၊ သင်တန်းသားများကိုလည်း Minority Affairs Institute မှ ကျေးဇူးအထူးတင်ရှိပါသည်။


ထို့အပြင် ဤသင်တန်း၌ ဆုလက်မှတ်များရရှိသွားသော သင်တန်းသူ၊သင်တန်းသားများကိုလည်း ဤနေရာမှ ထပ်မံဂုဏ်ပြုအပ်ပြီး ရရှိသောဆုလက်မှတ်များကို email မှတစ်ဆင့် ပေးပို့သွားမည်ဖြစ်ကြောင်းလည်း အသိပေးလိုပါသည်။


ကျွန်တော်တို့ Minority Affairs Institute မှ ရှေ့လျှောက်တွင် ဤကဲ့သို့သော သင်တန်းများဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါအပ်လိုက်ပြီး အသေးစိတ်သိရှိလိုပါက page messenger သို့ဖြစ်စေ၊mai.trainingunit@gmail.com သို့ email ပေးပို့၍ဖြစ်စေ ဆက်သွယ်နိုင်ပါသည်။


Minority Affairs Institute Myanmar


#MAI #Myanmar #minorityaffairsinstitute

#PoliticalAwarenessTraining

#UMRPR-1 #ClosingCeremony