အခြေခံသုတေသနစွမ်းရည်သင်တန်း အပတ်စဉ်(၂) အောင်မြင်စွာပြီးဆုံးခြင်း

အခြေခံသုတေသနစွမ်းရည်သင်တန်း အပတ်စဉ်(၂) အောင်မြင်စွာပြီးဆုံးခြင်း


လူနည်းစုရေးရာအင်စတီကျု (Minority Affairs Institute - MAI) မှ တော်လှန်ရေးကာလအတွင်း မျိုးဆက်သစ်လူငယ်များ စဉ်ဆက်မပြတ် ပညာဆည်းပူးနိုင်ရန်အတွက် ဖွင့်လှစ်သော အခြေခံသုတေသန စွမ်းရည်သင်တန်း အပတ်စဉ် (၂) သည် ၂၀၂၃ ခုနစ်၊ဇူလိုင်လ ၂၉ရက်နေ့၊ နေ့လည်၂:၃၀ ခန့်တွင် အောင်မြင်စွာပြီးဆုံးသွားခဲ့ပြီဖြစ်သည်။


ဤသင်တန်းသည် နိုင်ငံတဝန်းဖြစ်ပျက်နေသော အခြေအနေများကို အချက်အလက်စုဆောင်းခြင်း၊ မှတ်တမ်းပြုစုခြင်းနှင့် ခွဲခြမ်းစိတ်ဖြာလေ့လာနိုင်သော မျိုးဆက်သစ်သုတေသီများထွက်ပေါ်လာစေရန်သာမက တော်လှန်ရေးကာလအလွန် အသွင်ကူးပြောင်း‌ရေးကာလနှင့် အနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးတွင် မျိုးဆက်သစ်လူငယ်များအနေဖြင့် သုတေသနပြုလုပ်၍ တစ်ဖက်တစ်လမ်းမှ ပါဝင်နိုင်ရန်အတွက်လည်း ရည်ရွယ်ဖွင့်လှစ်ခဲ့ဖြစ်ပါသည်။


သင်တန်းသူ၊ သင်တန်းသားများသည် သင်တန်းကာလတစ်‌လျှောက် သုတေသနပြုလုပ်ခြင်းပညာရပ်အား ကျွမ်းကျင်ဆရာ၊ဆရာမများနှင့် စာတွေ့လက်တွေ့ သင်ကြားပြီး သုတေသနစာတမ်းများပြုစုခဲ့ကြကာ ဆုများလည်းရရှိခဲ့ကြသည်။ အခက်အခဲများကြမှ အချက်အလက်များစုဆောင်းပြီး သုတေသနပြုလုပ်ပေးကြသော သင်တန်းသူ၊ သင်တန်းသားများနှင့်တကွ သင်တန်းချိန်အပြင် individual coaching အတွက်ပါ အချိန်ပေး နည်းပြပေးပါသော ဆရာနှင့် ဆရာမကိုလည်း ကျွန်တော်တို့ Minority Affairs Institute မှ ကျေးဇူးအထူးတင်ရှိပါသည်။


Minority Affairs Institute အနေဖြင့် ရှေ့လျှောက်တွင် ဤကဲ့သို့ အသိပညာဖြန့်ဝေရေးသင်တန်းများကို ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်နေကြောင်းကိုလည်း သတင်းကောင်းပါးလိုက်ရပါသည်။


Minority Affairs Institute - MAI (Myanmar)


#MAIResearchSkills #EmpoweringYouth #FutureLeadership #BRS2

#MAI