Introduction to Humanity သင်တန်း အပတ်စဉ် (၂) အောင်မြင်စွာပြီးဆုံးခြင်း

Introduction to Humanity သင်တန်း အပတ်စဉ် (၂) အောင်မြင်စွာပြီးဆုံးခြင်း


လူနည်းစုရေးရာအင်စတီကျု (Minority Affairs Institute - MAI) မှ စစ်မှန်သော လူသားဆန်မှု အလေ့အထကို ပိုမိုထွန်းကားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော "Introduction to Humanity" အပတ်စဉ် (၂) သင်တန်းသည် ၂၀၂၃ ခုနစ်၊ ဇူလိုင်လ ၁၉ ရက်နေ့၊ မြန်မာစံတော်ချိန် ၇:၄၅ မိနစ်တွင် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။


သင်တန်းကာလအတွင်း သင်တန်းဆရာ၏ ဆွေးနွေးပို့ချမှုနှင့်အတူ သင်တန်းသူ၊ သင်တန်းသားများသည် ဒီမိုကရေစီရှင်သန်တိုးတက်ဖြစ်ထွန်းရေးနှင့် လူ့ဂုဏ်သိက္ခာမြှင့်တင်ရေးတို့အတွက် အထောက်အကူပြုစေသော Humanity ဆိုင်ရာ အတွေးအခေါ်များ၊ ယူဆချက်များကို သင်ကြားခဲ့ရပြီး အပြန်အလှန်ဆွေးနွေးမှုများ၊ တစ်ဦးချင်းစီနှင့် အဖွဲ့ငယ်များဖွဲ့၍ presentation များလည်းပြုလုပ်ခဲ့ကြသည်။


ဆရာနှင့်တကွ သင်တန်းသူသင်တန်းသားအားလုံးအား MAI မှ ကျေးဇူးတင်ရှိပြီး နောင်တွင်လည်း ယခုကဲ့သို့ သင်တန်းများဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းကိုလည်း သတင်းကောင်းပါးလိုက်ရပါသည်။



#MAI #Myanmar #minorityaffairsinstitute

#PoliticalAwarenessTraining

#IH-2