Introduction to Humanity သင်တန်း အပတ်စဉ်(၁) အောင်မြင်စွာပြီးဆုံး

Introduction to Humanity သင်တန်း အပတ်စဉ်(၁) အောင်မြင်စွာပြီးဆုံး


လူနည်းစုရေးရာအင်စတီကျု (Minority Affairs Institute - MAI) မှ စစ်မှန်သော လူသားဆန်မှု အလေ့အထကို ပိုမိုထွန်းကားလာစေရန် ရည်မျှော်၍ ဖွင့်လှစ်ခဲ့သော "Introduction to Humanity" အပတ်စဉ် (၁) သင်တန်းသည် ၂၀၂၃ခုနစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် အောင်မြင်စွာပြီးဆုံးခဲ့ပြီ ဖြစ်ပါသည်။


သင်တန်းကို ၂၀၂၂ ခုနစ်၊ အောက်တိုဘာ (၁၅) ရက်နေ့ တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလ ၂ လအတွင်း ရန်ကုန်တက္ကသိုလ်၊ Philosophy ဌာနမှ CDM ပါမောက္ခဒေါက်တာဝေယံလင်းမှ ဉီးဆောင်သင်ကြားခဲ့ပါသည်။ သင်တန်းရက်များဖြစ်သော စနေနှင့် တနင်္ဂနွေနေ့များတွင် သင်တန်းသားများသည် လူ့အခွင့်အရေးဆိုင်ရာ လိုလားချက်များ၊ ဒီမိုကရေစီရှင်သန်တိုးတက်ဖြစ်ထွန်းရေးနှင့် လူ့ဂုဏ်သိက္ခာမြှင့်တင်ရေးတို့အတွက် အထောက်အကူပြုစေသော Humanity ဆိုင်ရာ အတွေးအခေါ်များ၊ ယူဆချက်များကို သင်ကြားခဲ့ရပြီး အပြန်အလှန်ဆွေးနွေးမှုများ၊ တစ်ဦးချင်းစီနှင့် အဖွဲ့ငယ်များဖွဲ့၍ Presentation များလည်းပြုလုပ်ခဲ့ကြပါသည်။ သင်တန်းသားများထဲမှ ထူးချွန်သောကျောင်းသားများအားလည်း Minority Affairs Institute - MAI မှ သင်တန်းပြီးဆုံးသည့်ရက်တွင် ဆုများချီးမြှင့်ခဲ့ပါသည်။ 


လူနည်းစုရေးရာအင်စတီကျု (Minority Affairs Institute - MAI) သည် တော်လှန်ရေးကာလအတွင်း လူငယ်များစဉ်ဆက်မပြတ် ပညာသင်ကြားနိုင်ရန်အတွက် အခမဲ့ သင်တန်းများသင်ကြားပို့ချပေးလျှက်ရှိပြီး လူနည်းစုရေးရာများအား အဓိကလုပ်ဆောင်နေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ 


#minorityaffairsinstitute

#training

#humanity