Introduction to Project Cycle Management (PCM) သင်တန်း အောင်မြင်စွာပြီးဆုံးခြင်း

Introduction to Project Cycle Management (PCM) သင်တန်း အောင်မြင်စွာပြီးဆုံးခြင်း


ဇွန် ၃၀၊ ၂၀၂၅


Minority Affairs Institute မှ ပထမဦးဆုံးအကြိမ် ဖွင့်လှစ်သော "Introduction to Project Cycle Management (PCM)" (Batch-1) သင်တန်းသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၉ နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။


ဤသင်တန်းကာလ ၄ လအတွင်း သင်တန်းသူ၊ သင်တန်းသားများသည် Project လုပ်ငန်းများ စီမံခန့်ခွဲမှု၏ အခြေခံသဘောတရားများ၊ NGO Sector တွင် Project စီမံခန့်ခွဲမှု၏ အရေးကြီးပုံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ Project စီမံခန့်ခွဲမှု မူဘောင်များနှင့် Project စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များဖြစ်သော စီမံချက်လုပ်ငန်းများ စတင်ဖော်ထုတ်ခြင်း၊ အစီအစဉ်ရေးဆွဲခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ စောင့်ကြည့်ထိန်းသိမ်းခြင်းနှင့် အကဲဖြတ်ဆန်းစစ်ခြင်းတို့ကို စနစ်တကျ သင်ယူလေ့လာခွင့် ရရှိခဲ့ကြပါသည်။


သင်တန်းကာလတစ်လျှောက် သင်ခန်းစာများကို ဦးဆောင်သင်ကြားပို့ချပေးခဲ့သော သင်တန်းဆရာ ဆရာသုတ နှင့် Guest Speaker Session များတွင် အားဖြည့်ကူညီ ဆွေးနွေးပေးခဲ့ကြသော ဆရာ NZ၊ ဆရာ Pixel၊ ဆရာမ Thant တို့ကို Minority Affairs Institute မှ အထူးကျေးဇူးတင်ရှိပါသည်။ ထို့အပြင် တက်ကြွစွာ ပါဝင်ဆွေးနွေးပေးကြသော သင်တန်းသူ၊ သင်တန်းသားများကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။

   

Minority Affairs Institute အနေဖြင့် လူနည်းစုများနှင့် လူငယ်များ၏ နိုင်ငံရေးအသိပညာ တိုးပွားလာစေရန်၊ အရည်အချင်းများ မြှင့်တင်လာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ သင်တန်းများကို ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါး အပ်ပါသည်။


လူနည်းစုရေးရာ အင်စတီကျူ (မြန်မာ)  

Minority Affairs Institute - MAI (Myanmar)


#MAI #Myanmar

#Minority_Affairs_Institute

#Project_Cycle_Management 

#Project #Management