Minority Affairs Institute (MAI) နှင့် Pa-O Women's Union (PWU) တို့ ပူးပေါင်း၍ နိုင်ငံရေးဆိုင်ရာအယူဝါဒများနှင့် လူ့အခွင့်အရေး သဘောတရားများ သင်တန်းကို အောင်မြင်စွာ ဖွင့်လှစ်ပြီးစီး

Minority Affairs Institute (MAI) နှင့် Pa-O Women's Union (PWU) တို့ ပူးပေါင်း၍ နိုင်ငံရေးဆိုင်ရာအယူဝါဒများနှင့် လူ့အခွင့်အရေး သဘောတရားများ သင်တန်းကို အောင်မြင်စွာ ဖွင့်လှစ်ပြီးစီး


Minority Affairs Institute (MAI) နှင့် Pa-O Women's Union (PWU) တို့ ပူးပေါင်း၍ နိုင်ငံရေးဆိုင်ရာအယူဝါဒများနှင့် လူ့အခွင့်အရေး သဘောတရားများ အတွက် သင်တန်းအား အောင်မြင်စွာ ဖွင့်လှစ်ပြီးစီးခဲ့ပါသည်။


ယခုသင်တန်းအား စက်တင်ဘာလ ၂၃ ရက်နေ့မှ စတင်၍ အောက်တိုဘာလ ၃ ရက်နေ့အထိ ၁၀ ရက်တိုင်တိုင် တစ်နေ့ ၃ နာရီကြာချိန်ဖြင့် အောင်မြင်စွာ သင်တန်းပို့ချနိုင်ခဲ့ပါသည်။ ဤသင်တန်းတွင် နိုင်ငံရေးသဘောသဘာဝ အယူဝါဒများ၊ နိုင်ငံများဖြစ်ပေါ်လာပုံနှင့် ခေတ်သစ်နိုင်ငံများ၏ အယူဝါဒများ၊ နိုင်ငံရေး သီအိုရီများနှင့် အယူဝါဒများအပြင် လူအခွင့်အရေး အကြောင်းအရာများကို အသေးစိတ် သင်ကြားပို့ချမူများနှင့် ဆွေးနွေးမှုများပါရောစပ်၍ အောင်မြင်စွာ သင်တန်းပြီးဆုံးခဲ့ပါသည်။သင်တန်းသားများမှာလည်း သင်တန်းအတွင်းတက်ကြွစွာ ပါဝင်ဆွေးနွေးကြသောကြောင့် ဆွေးနွေးမှုများစုံလင်၍ တက်ကြွသောသင်တန်းတစ်ခုအဖြစ် ဖော်ဆောင်နိုင်ခဲ့ပါသည်။


ယခုကဲ့သို့ အသိပညာဖြန့်ဝေရေးသင်တန်းများကို Minority Affairs Institute မှ ဆက်လက်ဖွင့်လှစ်သွားနိုင်ရန် အမြဲကြိုးစားသွားမည်ဖြစ်ကြောင်းကိုလည်း သတင်းကောင်းပါးအပ်သည်။ MAI အနေဖြင့် ပအိုဝ်းအမျိုးသမီးသမဂ္ဂ နှင့် ပူးပေါင်းပြီး ယခုလိုသင်တန်းများကို ဆက်လက်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းသွားမည်။ MAI မှ နောက်ဖွင့်လှစ်မည့်အတန်းများကိုလည်း ဆက်လက်တက်ရောက်နိုင်ဖို့ ဖိတ်ခေါ်အပ်ပါသည်။


#MAI #Myanmar #Pa_O_Women_Union

#Minority_Affairs_Institute

#Human_Rights #Political_Ideology