Understanding Conflicts In Burma (UCB) သင်တန်းပြီးဆုံးကြောင်း ကျေးဇူးတင်ဝမ်းမြောက်ခြင်း

Understanding Conflicts In Burma (UCB) သင်တန်းပြီးဆုံးကြောင်း ကျေးဇူးတင်ဝမ်းမြောက်ခြင်း


မြန်မာနိုင်ငံရဲ့ ခေတ်အဆက်ဆက်တွင်ဖြစ်ပျက်ခဲ့သော လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများအကြောင်းနှင့် လူမျိုးစုများအကြောင်း အရာ တို့ကို Understanding Conflicts In Burma (UCB) သင်တန်းခေါင်းစဉ်ဖြစ် ကိုရဲဟိန်းအောင် (သုတေသီ - MCRS) နှင့် ᴍᴀɪ တို့အတူ လက်တွဲပြီး စေတနာဖြင့် အခမဲ့ပိုချ ဆွေးနွေး ပေးခဲ့ပါသည်။ ယခုစတုတ္ထ အကြိမ်မြောက် (4/2023) ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့ မှ (၁၇) ရက်နေ့အထိ (၅) ရက်တာ ᴍᴀɪ မှ ဖွင့်လှစ်ခဲ့ပါသည်။ Trainer အဖြစ် စေတနာဖြင့်ဆောင်ရွက်ပေးသော ကိုရဲဟိန်းအောင် (သုတေသီ - MCRS) နှင့် နိုင်ငံတဝန်း ဒေသအသီးသီးမှ ပါဝင်တက်ရောက်ပေးကြသော သင်တန်းသူ၊ သင်တန်းသားများအား MAI မှ ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။


Minority Affairs Institute (MAI) သည် စတင်ဖွင့်လှစ်ချိန်မှ ယနေ့အချိန်အထိ Understanding Conflicts In Burma (UCB) သင်တန်းခေါင်းစဉ်ဖြစ် (၄)ကြိမ်အထိဖွင့်လှစ်ခဲ့ပြီး အခြားသော အခြေခံနိုင်ငံရေးဆိုင်ရာသင်တန်း၊ သုတေသနဆိုင်ရာသင်တန်း၊လူသားဆိုင်မှုဆိုင်ရာသင်တန်း၊လူနည်းစုဆိုင်ရာ သင်တန်းများအား စီစဉ် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ 


ဆက်လက်၍လည်း လစဉ်ပုံမှန် အခြားအကျိုးရှိအသုံးဝင်မည့် သင်တန်းများနှင့် အနာဂတ်ဖက်ဒရယ်နိုင်ငံတော်အတွက် ထောက်ပံ့ပေးနိုင်မည့် သင်တန်းများအား စီစဉ်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။


#minorityaffairsinstitute