Understanding Minority Rights and Political Representation (UMRPR- 1) အားစတင်ဖွင့်လှစ်ခြင်း

Understanding Minority Rights and Political Representation (UMRPR- 1) အားစတင်ဖွင့်လှစ်ခြင်း


MAI မှ ပထမဆုံးအကြိမ် စီစဥ်ဖွင့်လှစ်လိုက်သော Understanding Minority Rights and Political Representation (UMRPR-1) အတန်းအား ၂၀၂၃ ခုနစ်၊ မေလ (၂၉) ရက်နေ့တွင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။


အင်တာနက်၊ လျှပ်စစ်မီးစသော အခက်အခဲများစွာရှိသော်လည်း MAI ၏ လုံခြုံရေးနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အကာအကွယ် လုပ်ထုံးလုပ်နည်းများကို စိတ်ဝင်တစား ပူးပေါင်းပါဝင်လုပ်ဆောင်ပေးပြီး ယခုကဲ့သို့ ဒေသအသီးသီးမှ စုံစုံလင်လင် တက်ရောက်ပေးကြသော သင်တန်းသူ၊သင်တန်းသားများကိုလည်း MAI မှ ကျေးဇူးအထူးတင်ရှိပါသည်။


သင်တန်းလျှောက်ထားသူ၏ စိတ်အားထက်သန်မှုအပြင် နေရာဒေသ၊ လူမျိုး ၊လိင်စိတ်ခံယူမှု အမျိုးမျိုးအရ အချိုးကျဖြစ်ရန် စနစ်တကျစိစစ်ရခြင်း၊ ထိရောက်သောသင်ယူမှုဖြစ်စေရန် သင်တန်းသူသင်တန်းသားဦး‌ရေ ကန့်သတ်ထားခြင်းတို့ကြောင့် လျှောက်ထားသူများအလွန်များပြားသော်လည်း တက်ရောက်ခွင့်မရသောသူများလည်းရှိခဲ့သည်။ ရွေးချယ်ခြင်းမခံရဘဲ ကျန်ရှိခဲ့သော သင်တန်းလျှောက်ထားသူများ၏ စိတ်အားထက်သန်မှုကိုလည်း အသိအမှတ်ပြုလေးစားပြီး နောင်လာမည့် သင်တန်းအပတ်စဥ်များတွင် ပြန်လည်ချိတ်ဆက်ပါဝင်ပေးကြရန်လည်း အထူးမေတ္တာရပ်ခံအပ်ပါသည်။


Minority Affairs Institute မှ ယခုကဲ့သို့သော အသိပညာဖြန့်ဝေရေးသင်တန်းများကို ရှေ့လျှောက် ဆက်လက် တိုးချဲ့ဖွင့်လှစ်သွားနိုင်ရန် အားသွန်ခွန်စိုက် ကြိုးစားသွားမည်ဖြစ်ကြောင်း ကိုလည်း သတင်းကောင်းပါးလိုက်ရပါသည်။


အသေးစိတ်သိရှိလိုပါက MAI Facebook messenger (သို့) mai.trainingunit@gmail.com ဆက်သွယ်မေးမြန်းနိုင်ပါသည်။


Minority Affairs Institute - MAI (Myanmar)


#MAI #Myanmar #minorityaffairsinstitute

#PoliticalAwarenessTraining

#UMRPR