Introduction to Political Science(IPS) (Batch-4) အား စတင်ဖွင့်လှစ်ခြင်း

Introduction to Political Science(IPS) (Batch-4) အား စတင်ဖွင့်လှစ်ခြင်း


Minority Affairs Institute (MAI) မှ စီစဥ်ပြုလုပ်သော "Introduction to Political Science (IPS)" (Batch-4) အတန်းအား ၂၀၂၃ခုနစ်၊‌ မေလ (၈) ရက်နေ့တွင်အောင်မြင်စွာ စတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။။ အခက်အခဲများကြားမှ အဆင့်ဆင့်သော Pre-Test များ၊ စိစစ်ရွေးချယ်မှုများအပြင် လုံခြုံရေးနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အကာအကွယ် လုပ်ထုံးလုပ်နည်းများကိုပါ စိတ်ဝင်တစား ပူးပေါင်းပါဝင်‌ပေးကြသော သင်တန်းသူ/သားများကိုလည်း ကျေးဇူး အထူးတင်ရှိပါသည်။ ရွေးချယ်ခြင်းမခံရဘဲ ကျန်ရှိခဲ့သော သင်တန်းလျှောက်ထားသူများကိုလည်း နောင်လာမည့် သင်တန်းအပတ်စဥ် (Batch) များတွင် ပြန်လည်ချိတ်ဆက် ပါဝင်ပေးကြရန်လည်း အထူး မေတ္တာရပ်ခံအပ်ပါသည်။ Minority Affairs Institute (MAI) မှ ယခုကဲ့သို့သော အသိပညာဖြန့်ဝေရေးသင်တန်းများကို ရှေ့လျှောက် ဆက်လက် တိုးချဲ့ဖွင့်လှစ်သွားနိုင်ရန် အားသွန်ခွန်စိုက် ကြိုးစားသွားမည်ဖြစ်ကြောင်းကိုလည်း သတင်းကောင်းပါးလိုက်ရပါသည်။ 


#MAI #Myanmar #minorityaffairsinstitute 

#PoliticalAwarenessTraining #IPS