အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံနှင့် ဘာသာရေးလွတ်လပ်ခွင့် (စကားဝိုင်းဆွေးနွေးပွဲ)

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံနှင့် ဘာသာရေးလွတ်လပ်ခွင့် (စကားဝိုင်းဆွေးနွေးပွဲ)


အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံနှင့် ဘာသာရေးလွတ်လပ်ခွင့်

(စကားဝိုင်းဆွေးနွေးပွဲ) 


၂၀၂၃၊ အောက်တိုဘာလ (၂၇) ရက်၊ သောကြာနေ့၊ မြန်မာစံတော်ချိန် ည ၇:၀၀ နာရီ 


အပြည်ပြည်ဆိုင်ရာဘာသာရေး လွတ်လပ်ခွင့်နေ့ (International Freedom of Religion or Belief Day) အထိမ်းအမှတ်အနေဖြင့် လာမည့် အောက်တိုဘာလ (၂၇) ရက်၊ သောကြာနေ့၊ မြန်မာစံတော်ချိန် ည ၇:၀၀ နာရီအချိန်မှာ လူနည်းစုရေးရာအင်စတီကျူ-မြန်မာ (Minority Affairs Institute-MAI Myanmar) မှ အောက်ပါအစီအစဉ်အတိုင်း စကားဝိုင်းဆွေးနွေးပွဲ (အွန်လိုင်း) ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ 

✅ ရည်ရွယ်ချက် ✅

၁) မြန်မာနိုင်ငံ၏ လူ့အဖွဲ့အစည်းအတွင်း ဘာသာရေးလွတ်လပ်ခွင့်နှင့်ဆိုင်သော အကြောင်းအရာများကို သိရှိနားလည်လက်ခံလာနိုင်စေရန်  

၂) လူ့အဖွဲ့အစည်းအတွင်း အချင်းချင်းအေးချမ်းစွာအတူယှဉ်တွဲနေထိုင်လာနိုင်စေရန်နှင့် 

၃) အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအား ဘာသာရေး လူမျိုးရေးကို အခြေမခံသောနိုင်ငံတော်စစ်စစ်တည်ဆောက်နိုင်စေရန် 

 

🚩- ဘာသာရေးလွတ်လပ်ခွင့်ဆိုတာ ဘာလဲ။ ဘာသာရေးလွတ်လပ်ခွင့်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဘယ်လိုပုံစံအခွင့်အရေးတွေ ဘယ်လိုသဘောတရားစံနှုန်းတွေပါဝင်သလဲ။

🚩- မြန်မာနိုင်ငံစတင်တည်ထောင်သည့် လွတ်လပ်ရေးရချိန်မှစပြီး ဘာသာရေးလူနည်းစုများ၏ အခန်းကဏ္ဍဘယ်လိုတွေရှိသလဲ။

🚩- ဘာသာရေးလူနည်းစုများအပေါ် လူ့အခွင့်အရေးချိုးဖောက်ဖိနှိပ်မှုတွေရှိလား ဘယ်လိုအခြေအနေတွေရှိလဲ။ (လူ့ပတ်ဝန်းကျင်အတွင်းသော်လည်းကောင်း၊ ဥပဒေအရသော်လည်းကောင်း၊ တစ်ခြား) ထိုဖိနှိပ်မှုတွေကြောင့် လူ့အဖွဲ့အစည်းနဲ့ နိုင်ငံတော်အတွင်း ဘယ်လိုသက်ရောက်မှုတွေရှိနေလဲ။

🚩– ဘာသာရေး လူမျိုးရေးကို အခြေမခံသော နိုင်ငံတော်ဆိုတာဘယ်လိုသဘောတရားတွေပါတဲ့ အနေအထားကိုဆိုလိုတာလဲ။ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးမှာရော ဘာသာရေးလူမျိူးရေးကို အခြေမခံတဲ့နိုင်ငံတော်တစ်ရပ်ဖြစ်ဖို့ ဘယ်လောက်ထိအရေးကြီးလဲ အရေးပါလဲ။

 🚩- မြန်မာနိုင်ငံအတွင်း လူမျိူးရေး ဘာသာရေးကိုအခြေမခံသောနိုင်ငံတော် တည်ဆောက်ရန်အတွက် ဘာတွေက စိန်ခေါ်မှုတွေဖြစ်လာနိုင်သလဲ။

🚩- စိန်ခေါ်မှုတွေအရ အနာဂတ်ဖက်ဒရယ်မှာ ဘာသာရေးလွတ်လပ်ခွင့်ကိုဘယ်လိုပုံစံနဲ့ ပုံဖော်သင့်လဲ။ ပုံဖော်နိုင်ရန်အတွက် အခွင့်အလမ်းတွေကရော ဘာတွေဖြစ်မလဲ။

🚩- ဘာသာရေးလွတ်လပ်ခွင့်အာမခံချက်ရှိဖို့ ဥပဒေအရဘာတွေရေးဆွဲထည့်သွင်းကာကွယ်ထားသင့်လဲ။ ဘယ်လိုမူတွေ ဘယ်လိုအချက်တွေပါသင့်လဲ။

🚩- လွတ်လပ်စွာကိုးကွယ်ခွင့်ကိုလေးစားတန်ဖိုးထားပြီး လူ့အဖွဲ့အစည်းအတွင်း အတူယှဉ်တွဲနေထိုင်နိုင်စေရန် လက်ရှိအချိန်ကတည်းက ဘာတွေလုပ်ဆောင်လို့ရနိုင်မလဲ။ ဘယ် ယန္တရားတွေက ဦးဆောင်ပြီးလုပ်သင့်လဲ။


စတဲ့စိတ်ဝင်စားဖွယ်ဆွေးနွေးချက်တွေကို အောက်ဖော်ပြပါပုဂ္ဂိုလ်များများမှ ပါဝင်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ 

🎤 ပါဝင်ဆွေးနွေးသူများ 

၁။ ဒေါက်တာစု (CDM Professor)

၂။ ဆရာမအိမွန် (CDM Assistant Lecturer)

၃။ မဝေဝေနု 

(Founder & Executive Director-Women’s Peace Network)

၄။ Esther Ze Naw 

(Social Justice Advocate)


📣 ဦးဆောင်ပံ့ပိုးသူ

ကိုမင်းခန့် (MAI Myanmar)


🔔 စကားဝိုင်းဆွေးနွေးပွဲ အစီအစဥ် 🔔

📅 ကျင်းပမည့် ရက်စွဲ - ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ၊ ၂၇ ရက်နေ့ (သောကြာနေ့)

🕖 ကျင်းပမည့်အချိန် - ည ၇ နာရီ မှ ၈ နာရီခွဲ (မြန်မာစံတော်ချိန်)

🖥️ စကားဝိုင်း ဆွေးနွေးပွဲကို MAI Facebook စာမျက်နှာနှင့် မိတ်ဖက်မီဒီယာစာမျက်နှာများတို့မှလည်း တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သွားမည်ဖြစ်သည့်အတွက် စောင့်မျှော်ကြည့်ရှုနားထောင်ပေးကြဖို့နှင့် ပါဝင်ဆွေးနွေးပေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။ 


📡 တိုက်ရိုက်ထုတ်လွှင့်မည့်မိတ်ဖက်မီဒီယာများ 

Khit Thit Media ၊ Mizzima - News in Burmese၊ Myanmar Pressphoto Agency ၊ Federal-FM ၊ People Radio ၊ Federal Journal ၊ Rehmonnya FM ၊ General Strike Committee of Nationalities - GSCN ၊ CJ Platform ၊ သံလွင်ခက် - Than Lwin Khet News ၊ Than Lwin Times ၊ MeKong News - မဲခေါင်သတင်း ၊ Delta News agency 


လူနည်းစုရေးရာအင်စတီကျူ (မြန်မာ)

Minority Affairs Institute (MAI Myanmar)