ပြည်သူ့တော်လှန်ရေးကာလအတွင်း တက်ကြွလှုပ်ရှားသူများ၊ တတ်သိပညာရှင်များ၊ လူငယ်များနှင့် စိတ်ပါဝင်စားသူများတို့သည် လူနည်းစုဝင်များ၏အရေးအရာများနှင့် အခက်အခဲအကျပ်အတည်းများတို့ကို တဖက်တလမ်းမှ အကူအညီအထောက်အပံ့ဖြစ်စေနိုင်ရန် Minority Affairs Institute (MAI) ကို စုစည်းပါဝင်လုပ်ကိုင်ဆောင်ရွက်နေကြပါသည်။
MAI သည် ပြည်သူ့တော်လှန်ရေးကာလတွင် လူနည်းစုဝင်အသီးသီးတို့၏ ပါဝင်ဆောင်ရွက်နေမှုများ၊ အခက်အခဲဒုက္ခများနှင့် ရင်ဆိုင်ဖြတ်သန်းရသောအခြေအနေမျိုးစုံတို့ကိုအခြေခံ၍
MAI တွင် လူနည်းစုဝင်အသီးသီးတို့၏ အရေးအရာကိစ္စများနှင့်ပက်သက်ပြီးစိတ်ပါဝင်စားကြသော ပြည်တွင်း၊ ပြည်ပရှိ လူမျိုး၊ ဘာသာ၊ ကျား/မ၊ အသက်အရွယ် စသည်တို့ ကန့်သတ်ခြင်းမရှိဘဲ မည်သူမဆို အမြဲတမ်းပါဝင်ဆောင်ရွက်ကြသူများနှင့် အကူအညီပေးပါဝင်ဆောင်ရွက်ကြသူများဆိုပြီး နှစ်သက်ရာအနေအထားဖြင့် ပူးပေါင်းပါဝင်လုပ်ဆောင်နိုင်ကြပါသည်။